အပိုင်း ၅၈ [ အိမ်မက် ] (4)

1K 161 3
                                    

အပိုင်း ၅၈ [ အိမ်မက် ] (4)

⟨⟨စမ်းကြည့်တာနဲ့သေ⟩⟩

အိမ်မက်ထဲမှာမသိတဲ့လူကိုတွေနိုင်လို့လား? : "ရှိမယ်ထင်တယ်"

"ဒါဆိုသူ့နာမည်နဲ့အသွင်အပြင်ကိုရောမင်းမှတ်မိလား?"

လင်ပန့်ရှကြောင်သွားသည်။သူမကြာခဏအိမ်မက်မက်တတ်ပေမဲ့အိမ်မက်ထဲကအကြောင်းအရာတော်တော်များများကလက်တွေ့နဲ့ပတ်သက်တာချည်းဥပမာဖိအားများတဲ့အချိန်ကျရင်စာမေးပွဲဖြေနေတာကိုမက်တယ်စုန့်ချင်းလော်ပြောတဲ့မသိတဲ့လူအိမ်မက်ထဲပေါ်လာတယ်ဆိုတာ‌ကရှိတော့ရှိပေမဲ့မျက်နှာကိုတော့သိပ်မရှင်းဘူးနာမည်မှတ်မိဖို့ဆိုရင်မပြောနဲ့တော့........အဲ့ဒါကြောင့်လင်ပန့်ရှခေါင်းရမ်းလိုက်တယ် : "မမှတ်မိဘူး"

စုန့်ချင်းလော်ကအော်ဟုပြောလာသည်။

လင်ပန့်ရှတုံ့ဆိုင်းသွားပြီး : "မနေ့ညကသေသွားတဲ့လူကိုရောမင်းသိလား?"

"ငါမသိသင့်ဘူး"

ဒီအဖြေကအရမ်းထူးဆန်းနေတယ်သိတယ်မသိဘူးပေါ့,ဒါပေမဲ့မသိသင့်ဘူးဆိုတာကဘာလဲ?လင်ပန့်ရှရဲ့မယုံသင်္ကာပုံစံကထင်ပေါ်နေသည်‌ကြောင့်စုန့်ချင်းလော်မှတည်ငြိမ်စွာရှင်းပြလာသည် : "ငါနဲ့အိမ်မက်ထဲကလူနဲ့ဘာဆက်စပ်မှုမှမရှိဘူး,မဟုတ်သေးဘူး,အတိအကျပြောရရင်ငါဒီလူကိုလုံးဝမသိဘူး"

လင်ပန့်ရှ : "အာ?"

"ဒါပေမဲ့ငါတို့အိမ်မက်ထဲတွေ့ဖူးတယ်သုနာမည်ကိုတောင်ပါခေါ်နိုင်တယ်"

လင်ပန့်ရှအံ့သြသွားသည်။စုန့်ချင်းလော်ကဒီလိုသဘောရှိသလိုလျှောက်နောက်နေမှာမဟုတ်ဘူးသူပြောတာအမှန်တွေပဲဖြစ်မှာ : "ခဏ,ချင်ရွှီကလည်း......."

"မှန်တယ်"လင်ပန့်ရှရဲ့သံသယကိုစုန့်ချင်းလော်ကအတည်ပြုလိုက်သည် "ငါသူ့ကိုအိမ်မက်မက်တယ်"

လင်ပန့်ရှဘာပြောသင့်လဲမသိတော့ဒီကိစ္စကအဓိပ္ပာယ်မဲ့နေတယ်သူတွေးနေတုန်းစုန့်ချင်းလော်ကပြောလာတယ် : "မင်းခုနကိုယ့်ကိုပြောတယ်လေအဲ့ဒီကျောင်းသားကကယ်ဖို့ပြောတာမလို့တံခါးကိုတိုက်ဖွင့်လိုက်တယ်ဟုတ်?"

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now