အပိုင်း ၆၀ [ အိမ်မက် ] (6)

938 145 1
                                    

အပိုင်း ၆၀ [ အိမ်မက် ] (6)

⟨⟨ပြိုလဲသွားသည့်လူ⟩⟩

တူညီတဲ့စားပွဲ၊တူညီတဲ့နာရီ၊သူလှည့်ကြည့်လိုက်တော့မကြာမီမိုးကုတ်စက်ဝိုင်းအောက်ကျတော့မဲ့နေကိုမြင်လိုက်ရသည်။စာသင်ခန်းထဲတွင်ကျောင်းသားများရှိနေပြီးအများစုဟာစာပြန်လုပ်နေကြသည်။တစ်ယောက်ယောက်ကလင်ပန့်ရှရဲ့ပခုံးကိုပုတ်လိုက်တယ်လှည့်ကြည့်လိုက်တော့လီစူးကိုတွေ့လိုက်ရသည်။

ကိုယ့်လိုမျိုးလီစူးအသက်ရှင်နေသေးတယ်သူလင်ပန့်ရှရဲ့နောက်ကျောကိုရိုက်လိုက်ပြီးအော်ပြောလာသည် : "မင်းမအိပ်နဲ့တော့နော်ထပ်အိပ်နေရင်မင်းအိပ်ရင်းသေသွားတယ်လို့ငါထင်မိမှာ"

လင်ပန့်ရှတည်ငြိမ်အောင်လုပ်လိုက်ပြီးမျက်လုံးပွတ်လိုက်ကာအသံနိမ့်နိမ့်ဖြင့်ဆိုလိုက်သည် : "ငါအိပ်တာဘယ်လောက်ကြာသွားပြီလဲ?"

"ဘယ်လောက်ကြာပြီလဲ?"လီစူးကကိုယ့်လက်ပတ်နာရီကိုယ်ကြည့်လိုက်ပြီး "မင်းသုံးနာရီကျော်တောင်အိပ်နေတာခြောက်နာရီတောင်ထိုးတော့မယ်သုံးနာရီတောင်ကြာသွားတာ.......ငါခုနကတစ်ခေါက်ထွက်သွားသေးတယ်မင်းနိုးပြီထင်နေတာပြန်လာတဲ့အချိန်အထိမင်းမထသေးဘူးလေဘာကောင်းတာတွေမက်နေလို့နိုးဖို့ဝန်လေးနေတာလဲ?"

လင်ပန့်ရှကအသံနိမ့်နိမ့်နဲ့ဆိုတယ် : "အိမ်မက်ဆိုးမက်တာ"

"ဘယ်လိုအိမ်မက်ဆိုးလဲ?"

"တစ်ယောက်ယောက်ကငါ့ကိုသတ်လိုက်တာ"

လီစူးရဲ့အမူအရာကတောင့်တင်းသွားသည် : "ဘယ်လိုလုပ်ဒါကိုမက်ရတာလဲ"

လင်ပန့်ရှခဏလောက်တိတ်သွားပြီးတုံ့ဆိုင်းစွာဆိုသည် : "မင်းပြောကြည့်ဘယ်လိုလုပ်မှအိမ်မက်ထဲကနေနိုးလာနိုင်မလဲ?"

လီစူး : "ငါကဘယ်လိုသိမှာ"သူ့ရဲ့အကြည့်ကသက်သောင့်သက်သာရှိမနေဒီမေးခွန်းကနေအမြန်ဆုံးထွက်ပြေးချင်နေသလိုမျိုးဂရုမစိုက်ဟန်ဆောင်ပြီးလင်ပန့်ရှရဲ့ကျောကိုပါပုပ်ရင်းပြောသည်မှာကျောင်းပေါက်ဝမှာညစာစားမလို့အဖော်လိုက်ပေးပါဟု။ကမ္ဘာပေါ်မှာစားလို့အကောင်းဆုံးကျန်းပင်ကော်ကျစ် ကိုကျွေးမယ်လို့လဲပြောသည်။

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now