အပိုင်း ၂၄ [ မရဏပျော်ပွဲ ] (6)

1.2K 195 5
                                    

အပိုင်း ၂၄ [ မရဏပျော်ပွဲ ] (6)

⟨⟨ရေကန်တစ်ကန်⟩⟩

ဟယ့်ဟွိုင်အန်းသူဘာလို့အိပ်မပျော်လည်းဆိုတာနားမလည်ချင်ပေ ။ မိုးလင်းချိန်မှခဏလောက်အိပ်ပျော်သွားသည် ။

မိုးလင်းလာပြီ မိုးကမတိတ်သေးပေ ။ ကြည့်ရတာမတိတ်လောက်သေးပေ ။

စုန့်ချင်းလော်နဲ့လင်ပန့်ရှ စောစောနိုးနေတာကြောင့်ဟယ့်ဟွိုင်အန်းကိုနှိုးလိုက်ပြီးတစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်လိုက်သည် ။ ထို့နောက်အိမ်ရှေ့ခန်းထဲကိုထွက်လာတော့ရွာသူကြီးနဲ့သူစိတ်ရင်းမှန်နဲ့လုပ်ပေးထားတဲ့မနက်စာကိုတွေ့လိုက်ရသည် ။

"ရွာသူကြီး"ဟယ့်ဟွိုင်အန်းက"မနေ့ကငါတို့ရဲ့ပြတင်းပေါက်အပြင်မှာခင်ဗျားဘာလုပ်နေတာလဲ?"

ရွာသူကြီးကအဲ့ဒီဆေးတံနဲ့ပဲဆေးလိပ်သောက်နေတာကြောင့်အေးစက်စက်အငွေ့တွေကသူ့ရဲ့မျက်နှာကိုဖုံးနေပြီးဝိုးတဝါးဆိုသည် : "မင်းတို့တစ်ခုခုဖြစ်မှာကြောက်လို့"

မနေ့ညကလူဆိုတာသေချာနေတာကြောင့်ဟယ့်ဟွိုင်အန်းစိတ်ထဲတင်းကျပ်နေရင်းဆို၏ : "ငါတို့ဘာဖြစ်မှာမလို့လဲ?"

"အရင်ရက်ညတွေကိုမှတ်မိသေးလား?"ရွာသူကြီးကပြောတယ်"ငါနဲ့ငါ့တူတွေနဲ့ရန်ဖြစ်ကြပြီးငါ့တူကဆွဲကြိုးချသတ်သေသွားတယ်မင်းတို့ရဲ့တံခါးပေါက်မှာတွဲလောင်းရှိခဲ့တဲ့သူလေဒီနေ့ညတစ်ခုခုထပ်ဖြစ်မှာစိုးလို့လာကြည့်ကြည့်တာ"

ဒါကလည်းအဓိပ္ပာယ်ရှိနေတာကြောင့်ဟယ့်ဟွိုင်အန်းအော်လို့သာပြောနိုင်သည် ။

"မိန်းကလေးရဲ့အလောင်းကိုမင်းတို့ဘယ်လိုလုပ်ကြမလဲ?"ရွာသူကြီးကပြောတယ်"ဒီလိုပဲထားတော့မှာလား?ဒါကမင်္ဂလာသိပ်မရှိဘူးနော်......"

ဟယ့်ဟွိုင်အန်းကအသံနိမ့်နိမ့်နဲ့ဆိုတယ် : "ဒီကိစ္စတွေပြီးတဲ့အချိန်ကျရင်ငါတို့သူမကိုပြန်ခေါ်သွားမှာပါ"

ရွာသူကြီးကဆိုသည် : "အဲ့ဒါဆိုမင်းတို့ဒီနေ့သူမကိုခေါ်သွားတော့မဟုတ်ရင်ရွာရဲ့စည်းကမ်းအတိုင်းဖြေရှင်းရလိမ့်မယ်" သူအေးစက်စက်နဲ့ပြောနေသည် : "လူသေကိုအပြင်မှာထားလို့လည်းမရဘူးဒီလိုထားရင်သက်ရှိတွေကိုအန္တရာယ်ဖြစ်စေလိမ့်မယ်"

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now