အပိုင်း ၃၅ [ ကတိပြုထားသောမြေ ] (8)
⟨⟨ထူးဆန်းသည့်ဖြတ်သွားဖြတ်လာ⟩⟩
အမှောင်ထဲဘာမှမတွေ့ရတာကြောင့်လင်ပန့်ရှအရှေ့ကိုနှစ်လှမ်းလောက်စမ်းလျှောက်ကြည့်လိုက်တော့ကိုယ့်နဖူးကစိုစွတ်စွတ်တစ်ခုခုကိုတိုက်မိသွားသည်။သူတစ်ချက်ကိုင်ကြည့်လိုက်တော့ဒီဟာကသိပ်မမှန်ဘူးဆိုတာသိလိုက်၏။လက်ထဲစိုစွတ်ပျော့ပျောင်းနေပြီး.......အသားအရေမရှိတဲ့အသားတစ်တုံးကိုကိုင်မိသလိုမျိုးလင်ပန့်ရှအရှေ့ကိုဆက်မသွားရဲတော့ပဲလွယ်အိတ်ထဲကဓာတ်မီးကိုပဲဖွင့်လိုက်သည်။
လင်းလာတာနဲ့လင်ပန့်ရှကိုယ်ရှိနေတဲ့နေရာကိုသေချာမြင်လိုက်ရသည်။သူကျောက်တုံးနဲ့ဆောက်ထားတဲ့အခန်းထဲရှိနေသလိုပဲအခန်းရဲ့ကြမ်းပြင်ပေါ်မှာလည်းသူနားမလည်နိုင်တဲ့ပုံတွေဆွဲထားတယ်ဓာတ်မီးကိုခေါင်းပေါ်ထိုးကြည့်လိုက်တော့ဘေးကရှဲ့အာကိုက်ရဲ့ကြောက်လန့်တကြားအော်သံထွက်လာသည်။
အခန်းထိပ်မှာလူအလောင်းချိတ်ထားတယ်အလောင်းပေါ်ကရှိသမျှနေရာတိုင်းအရေခွံခွာခံထားရပြီးနီရဲရဲအသားစတွေပါပေါ်နေတယ်သူတို့ကယဇ်ပူဇော်ခံရမလိုအနေအထားနဲ့ချည်ခံထားရတယ်မျက်နှာကျက်ပေါ်မှာချိတ်ခံထားရပြီးလတ်လတ်ဆတ်ဆတ်သွေးတွေကလည်းမရပ်မနားကိုကျနေလျက်လင်ပန့်ရှရဲ့မျက်နှာပေါ်နဲ့ခန္ဓာပေါ်ပါကျနေ၏။
ရှဲ့အာကိုက်လည်းတွေ့လိုက်တာကြောင့်ကြောက်လန့်တကြားအော်သံထွက်သွားသည်။
လင်ပန့်ရှသူ့ကိုနှစ်သိမ့်ချင်ပေမယ့်ပါးစပ်ကအတော်ကြာပိတ်နေပြီးတော့မှokလားလို့ပြောနိုင်သည်။ကံကောင်းတာကရှဲ့အာကိုက်အမြန်တည်ငြိမ်လာသည်ပင်။မျက်နှာပေါ်ကသွေးတွေကိုသုတ်လိုက်ပြီးလင်ပန့်ရှဆီခက်ခက်ခဲခဲပြုံးပြလာရင်းဘာမှမဖြစ်ကြောင်းပြောလာသည်။
လင်ပန့်ရှလီစူးကိုထပ်ခေါ်ကြည့်လိုက်သည်။ထောင့်မှာသေချာမမြင်နိုင်တဲ့တစ်ယောက်ယောက်ရှိနေပြီးလီစူးရဲ့အသံထွက်လာသည် : "ဒီမှာရှိတယ်"
လင်ပန့်ရှအပြေးအလွှားသွားလိုက်တော့မြေပေါ်ထိုင်နေတဲ့လီစူးကိုတွေ့လိုက်ရ၏ : "မင်းအဆင်ပြေရဲ့လား?"
YOU ARE READING
အရိုးစုသရဲပန်းချီ「骷髅幻戏图」
Horrorအရိုးစုသရဲပန်းချီ「骷髅幻戏图」kūlóuhuànxìtú ခူးလိုဟွမ့်ရှိထူ စာရေးသူ - 西子绪 ရှီးကျစ်ရွှိ အပိုင်းပေါင်း - ၁၁၄ ပိုင်း + အချပ်ပို ၇ ချပ် ထွက်ရှိခဲ့သည့်နှစ် - 2020 မူရင်း - jjwxc ကျင့်ကျန်းစာပေမြို့တော် ဗမာဘာသာပြန် ________________________ အရိုးစုသရဲပန်းချီ「...