အပိုင်း ၈၅ [ တစ္ဆေဈေး ] (10)

819 131 8
                                    

အပိုင်း ၈၅ [ တစ္ဆေဈေး ] (10)

⟨⟨ပုံမှန်မဟုတ်သည့်အခြေအနေ⟩⟩

မှာထားတာကိုယူသွားလည်းပဲဒီနေ့ကိုဆက်ဖြတ်သန်းရဦးမှာပဲ လင်ပန့်ရှမတတ်နိုင်တော့ ထားလိုက်တော့ မစားတော့ဘူး လီစူးကတော့ကိုယ့်လုပ်ရပ်ကိုယ်ကျေနပ်နေပြီးလင်ပန့်ရှအိမ်နားကပစ္စည်းဆို‌‌တော့ ဈေးလည်းသက်သာမှာအရသာကတကယ်ကောင်းတာပဲဟုစာတောင်ပို့လိုက်သေးသည်ကြောင့်လင်ပန့်ရှအံတကြိတ်ကြိတ်ဖြစ်နေသည်။

စုန့်ချင်းလော်ကတစ်ချိန်လုံးအိပ်နေပြီးလင်ပန့်ရှသူ့ကိုမနှောင့်ယှက်ရဲပေ။ခြေဖော့လက်ဖော့နဲ့ပဲဧည့်ခန်းထဲကပြတင်းပေါက်လိုက်ကာကိုဆွဲလိုက်သည်။စုန့်ချင်းလော်ကတစ်ရက်နှစ်ရက်လောက်ဆက်တိုက်အိပ်ပျော်နေမယ်ထင်ခဲ့ပေမဲ့ဘယ်သူသိမှာလဲ ညနေသုံးနာရီရောက်တော့ နိုးလာတယ်

တစ်နာရီကျော်ကြာပြီးနောက်ဗိုက်ဆာလာတာကြောင့်ရေခဲသေတ္တာထဲမှာရှိတာနဲ့ပဲဆာလောင်မှုကိုပြေလျော့စေသည်။ရှောင်ဟွားနဲ့ရှောင်ခူးကတော့အရင်နေ့တွေလိုမျိုးအိပ်ခန်းထဲကထွက်လာခြင်းမရှိတာကြောင့်အသေးလေးနှစ်ကောင်ဖိုးစာ‌ချွေတာနိုင်သည်။

လင်ပန့်ရှစားနေတုန်းဧည့်ခန်းထဲကလှုပ်ရှားသံကိုကြားလိုက်ရသည်။အိပ်ရာထသံဖြစ်တာကြောင့်ချက်ချင်းပြေးသွားလိုက်သည်။

တကယ်လည်းစုန့်ချင်းလော်နိုးလာတာ အားနည်းစွာဖြင့်ဆိုဖာပေါ်မှီနေလျက်မျက်နှာတစ်ခုလုံးပင်ပန်းမှုအပြည့်ဖြစ်နေသည်။

မြင်နေရတဲ့လင်ပန့်ရှမှာတော့ စိတ်ထဲနာကျင်လာသည်။ဘယ်လိုလုပ်ရမလဲလည်းမသိပဲဘေးမှာနေရင်းတိတ်တဆိတ်ကြည့်နေမိသည်။မီးဖိုချောင်ထဲသွားကာရေခွက်ယူလာပြီးစုန့်ချင်းလော်ဆီကမ်းပေးလိုက်သည် : "ရေနွေးသောက်မလား?"

စုန့်ချင်းလော်နေလို့မကောင်းပေမဲ့လင်ပန့်ရှရဲ့စကားကိုကြားပြီးနောက်မှာ အပြုံးတစ်ခုပေါ်လာသည်။

လင်ပန့်ရှ : "မင်းဘာရယ်တာလဲ?"

စုန့်ချင်းလော် : "ဘာမှမဟုတ်ပါဘူး ဒီတိုင်းမင်းကချစ်စရာကောင်းတယ်ထင်လို့"

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Unde poveștirile trăiesc. Descoperă acum