အပိုင်း ၈၆ [ တစ္ဆေဈေး ] (ဆုံး)

814 129 1
                                    

အပိုင်း ၈၆ [ တစ္ဆေဈေး ] (ဆုံး)

⟨⟨ပြောင်းလဲမှု⟩⟩

စုန့်ချင်းလော်ကအံ့ဖွယ်ဖြစ်နေတာထားပါတော့ အံ့ဩစရာအကောင်းဆုံးကသူနဲ့အတူတူအံ့ဖွယ်နောက်တစ်ယောက်ကိုပါရှာနိုင်တာပဲ ဆင်းရဲတာလည်းကြောက်ဖို့မကောင်းဘူး သရဲကလည်းကြောက်ဖို့မကောင်းဘူး ကြောက်စရာအကောင်းဆုံးကအဲ့ဒီစာလုံးနှစ်လုံးကိုအတူတူထားလိုက်ရင်ပဲ စုန့်ချင်းလော်နဲ့လင်ပန့်ရှမှာကိုယ်ပိုင်နာမည်ရှိတယ်——ငမွဲ

ပါဆယ်လေးတစ်ခုပဲမဟုတ်လား မြေအောက်ခန်းအထိလင်ပန့်ရှလိုက်ဖမ်းသည်ကိုခံနေရသည်။တခြားလူတွေကိုမြင်တော့မှနှစ်ယောက်သားလိုက်ဖမ်းနေတာကိုရပ်လိုက်ကာဘာမှမဖြစ်သလိုဟန်ဆောင်လိုက်သည်။

မြေအောက်နဲ့အပေါ်နဲ့ယှဉ်ရင်အဲ့လောက်မတည်ငြိမ်ပေ။လူတွေအများကြီးကအတန်းလိုက်လှဲနေကြပြီးဝန်ထမ်းများ၏လက်ထဲတွင်လည်းလင်ပန့်ရှမ‌‌တွေ့ဖူးတဲ့ကိရိယာတွေရှိနေသည်။တိုက်ခိုက်လာတဲ့နေထိုင်သူတွေကိုမြေကြီးပေါ်ချထားပြီးအနက်တစ်နေရာဆီဝင်သွားသည်။

လီစူးမှလင်ပန့်ရှကိုဦးဆောင်သွားသည်။မြေအောက်ခန်းရဲ့အနက်တစ်နေရာကိုရောက်လာချိန်လူအုပ်ကြားရှိစုန့်ချင်းလော်ကိုတွေ့လိုက်ရသည်။

သူ့ခန္ဓာကိုယ်အနေအထားမှာငှက်တစ်ကောင်ကဲ့သို့ပေါ့ပါးနေလျက် လူအုပ်ကြားတွင်ခေါက်တုံ့ခေါက်ပြန်သွားနေသည်။တစ်ခုပြီးတစ်ခုကိုချလိုက်တာက လှီးထားတဲ့ကြက်သွန်မြိတ်တွေလို

လီစူးမှမှတ်ချက်ပြုသည်မှာ စုန့်ချင်းလော်နဲ့မလိုက်အောင်လူတစ်ချက်ရောက်လာတာနဲ့တည်ငြိမ်သွားတယ်ဟု

လင်ပန့်ရှတစ်ခုခုကိုတွေးမိလိုက်တာကြောင့်တုံ့ဆိုင်းစွာဖြင့် : "မင်းတို့ဝင်လာပြီးနောက်မှာ ပိုးကောင်လိုတစ်ကောင်ကောင်တွေ့မိလား?"

"ပိုးကောင်? ပုရွက်ဆိတ်လား?"

လင်ပန့်ရှ : "ပုရွက်ဆိတ်?" ပိုးကောင်နဲ့ပုရွက်ဆိတ်မတူဘူးလို့သူထင်တယ်

လီစူး : "မင်းပုရွက်ဆိတ်ကိုပြောတာဆိုရင်တော့ ရှိတယ်"သူ့လက်ကအဝေးတစ်နေရာကိုညွှန်ပြသည် "ဒါပေမဲ့အဲ့ဒီဟာကစုန့်ချင်းလော်ကိုအရမ်းကြောက်တယ် သူဝင်လာတာနဲ့ဆုတ်သွားတာပဲ"

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now