အပိုင်း ၇၄ [ အိမ်မက် ] (20)

877 168 10
                                    

အပိုင်း ၇၄ [ အိမ်မက် ] (20)

⟨⟨နောက်ဆက်တွဲ⟩⟩

စုန့်ချင်းလော်နဲ့ဌာနချုပ်ထဲဝင်ပြီးမှအိမ်မက်မက်တယ်လို့ထင်ခဲ့တာ ဒါပေမဲ့အခုသေချာစဉ်းစားကြည့်တော့မှ ရထားပေါ်မှာကူးစက်ခံရတာဖြစ်နိုင်တယ် မိုးခြိမ်းပြီးနောက်အဆက်မပြတ်မိုးရွာနေတဲ့အသံကသာသူတို့အိမ်မက်ထဲဝင်ခဲ့တယ်ဆိုတဲ့သ‌‌ေင်္ကတဖြစ်တယ်

ချွေးကောင်းယွိပြောခဲ့တဲ့ "မင်းခွဲလို့မရပါဘူး‌"ဆိုတဲ့စကားကမမှားဘူး ရှောင်ဟွားဆိုတဲ့တည်ရှိမှုသာမရှိရင်လက်တွေ့နဲ့အိမ်မက်ကိုလင်ပန့်ရှခွဲနိုင်မှာမဟုတ် ကိုယ်ထွက်လာပြီးပြီလို့ထင်ပေမဲ့ရိုးသားတဲ့အိမ်မက်တစ်လွှာကတော့ဆက်အသက်ရှင်နေတုန်းပဲ ဒီနေ့အထိ အိမ်မက်ကနေစစ်မှန်တဲ့အရောင်တွေထွက်နေတုန်းပဲ

ရှောင်ဟွားကအိမ်မက်ထဲမှာဆိုရင် "ကျောက်ဆူး"ဖြစ်ပြီး လင်ပန့်ရှနဲ့စုန့်ချင်းလော်ကိုထိန်းပေးထားရင်းအဆုံးမရှိတဲ့သံသယတွေကိုရှောင်စေတယ်

‌ဒီတစ်ခေါက်ကလင်ပန့်ရှအကြာဆုံးအိပ်လိုက်တာပဲ ဒါပေမဲ့အခုနာရီကြည့်လိုက်တော့လည်းငါးနာရီလေးပဲကြာသေးတယ် သေချာစဉ်းစားကြည့်လိုက်တယ် အဲ့ဒီနှစ်ကရက်ဆက်မိုးသည်းနေတဲ့ကြားကဘယ်လိုနှိပ်ဆက်မှုမျိုးကိုချွေးကောင်းယွိခံခဲ့ရလို့အပေးအယူလုပ်ဖို့ရွေးချယ်ခဲ့ရတာလဲ

ချွေးကောင်းယွိကိုတွေးမိလိုက်တာနဲ့မထိန်းနိုင်တော့ပဲစုန့်ချင်းလော်ဆီလှမ်းကြည့်လိုက်သည်။အခုချွေးကောင်းယွိဘယ်လိုဖြစ်နေပြီလဲလို့မေးကြည့်ရမလား?

စုန့်ချင်းလော်ကမျက်လုံးချထားပြီးအသံနိမ့်နိမ့်ဖြင့်ဆိုသည် : "ကိုယ်ဖုန်းအရင်ဆက်ကြည့်လိုက်မယ်"သူဖုန်းထုတ်လိုက်ပြီးဖုန်းနံပါတ်တစ်ခုကိုရိုက်လိုက်သည်။ဖုန်းဝင်နေပေမဲ့တစ်ယောက်မှလာမကိုင် စုန့်ချင်းလော်ကလေးငါးခေါက်ခေါ်နေပေမဲ့ကိုင်မဲ့သူမရှိ နောက်ဆုံးလက်လျှော့ဖို့သာရွေးလိုက်ပြီးတခြားဖုန်းနံပါတ်တစ်ခုကိုဆက်လိုက်သည်။

"ဝေ" ပင်ပန်းနေသည့်လီစူး၏အသံဟာတစ်ဖက်မှပျံ့လွင့်လာသည်။သူ့အသံကအက်နေကာစိတ်အားထက်သန်မှုမရှိပေ

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Donde viven las historias. Descúbrelo ahora