အပိုင်း ၁၈ [ တစ္ဆေပူးကပ်ခြင်း ] (ဆုံး)
⟨⟨ပြီးမြောက်ခြင်း⟩⟩
ကျိလဲ့ရွှေပြေးတာအရမ်းမြန်တာကြောင့် လင်ပန့်ရှမတုံ့ပြန်ရသေးခင်မှာပဲ သူမျက်စိရှေ့မှာတင်ဖုန်သာထားခဲ့ပြီးပျောက်သွားသည်ကိုတွေ့လိုက်ရသည် ။ သူနေရာမှာတင်တိတ်နေပြီး ကိုယ့်လက်ထဲကအသုံးမဝင်တဲ့ချိတ်ကိုငူငူကြီးကြည့်နေလိုက်သည် ။ အနောက်ကအခန်းကိုလှည့်ကြည့်လိုက်တော့ပြဇာတ်ဆိုနေတုန်းပင် ။
လင်ပန့်ရှခဏလောက်တွေးလိုက်ပြီး အခန်းထဲကိုပြန်လှမ်းလိုက်သည် ။ အိပ်ခန်းရှေ့ထိသွားလိုက်ပြီး အထဲကို ဝေ့ကြည့်လိုက်သည် ။ ဖွားဖွားကြီးကယိမ်းကုလားထိုင်ပေါ်ထိုင်နေပြီး ကြောင်ကလည်းသူမရင်ဘတ်ပေါ်တမြောင်မြောင်အော်နေလျက် ကျေနပ်စွာအော်သံထွက်နေ၏ ။ လင်ပန့်ရှထပ်ဝင်ကြည့်ရမလားစဉ်းစားနေတုန်း ပခုံးပေါ်ဖြည်းဖြည်းချင်းပုတ်ခံလိုက်ရတယ်
သူနည်းနည်းငိုင်သွားပြီး ခေါင်းလှည့်ကြည့်လိုက်ချိန်ရင်းနှီးနေတဲ့သူတစ်ယောက်ကိုတွေ့လိုက်ရသည် ။ လီစူးကသူ့နောက်မှာရပ်နေရင်း မျက်နှာတစ်ခုလုံးအံ့ဩမှုအပြည့်နဲ့သူ့ကိုကြည့်နေသည် ။
"မင်းဘယ်လိုလုပ်ဒီမှာရှိနေတာလဲ?" နှစ်ယောက်ကတူညီနေတဲ့ပြဿနာကိုတူညီစွာမေးလာသည် ။
"ကျိလဲ့ရွှေပြောတာတော့ လူနှစ်ယောက်ကစုန့်ချင်းလော်ကိုဒီတိုက်ထဲချုပ်ဖမ်းသွားတယ်တဲ့" လင်ပန့်ရှကအရင်သေချာရှင်းပြလိုက်တယ် "သူကြောက်သွားလို့ဝင်ကြည့်ရင်ကောင်းမလားစဉ်းစားနေတာ"
လီစူးကအော်လို့အသံပြုပြီး : "ငါနဲ့သူကကိစ္စနည်းနည်းဖြေရှင်းဖို့ရှိလို့ဒီကိုလာခဲ့တာ"သူရယ်ရင်းဆို၏ : "ခုနကငိုရင်းထွက်ပြေးသွားတာကမင်းသူငယ်ချင်းလား? ငါတောင်လန့်သွားတယ်"
"အင်း" ထူးဆန်းတဲ့အော်ပရာသံထဲမှာ နှစ်ယောက်သား ငြိမ်ငြိမ်သက်သက်နဲ့ ဆွေးနွေးပွဲလုပ်နေသည် ။ လေထုကအချိန်တစ်ခုလောက်ထူးဆန်းနေပေမယ့် လင်ပန့်ရှလုံးဝသတိမထားမိပဲ : "အခန်းထဲမှာ.......အဲ့ဒီဟာက..........ဘယ်လိုဖြစ်တာလဲ?"
YOU ARE READING
အရိုးစုသရဲပန်းချီ「骷髅幻戏图」
Horrorအရိုးစုသရဲပန်းချီ「骷髅幻戏图」kūlóuhuànxìtú ခူးလိုဟွမ့်ရှိထူ စာရေးသူ - 西子绪 ရှီးကျစ်ရွှိ အပိုင်းပေါင်း - ၁၁၄ ပိုင်း + အချပ်ပို ၇ ချပ် ထွက်ရှိခဲ့သည့်နှစ် - 2020 မူရင်း - jjwxc ကျင့်ကျန်းစာပေမြို့တော် ဗမာဘာသာပြန် ________________________ အရိုးစုသရဲပန်းချီ「...