အပိုင်း ၇၂ [ အိမ်မက် ] (18)

777 159 5
                                    

အပိုင်း ၇၂ [ အိမ်မက် ] (18)

⟨⟨ဖျက်သိမ်းခြင်း⟩⟩

စုန့်ချင်းလော်ဘက်ကဘာဖြစ်နေလဲဆိုတာလင်ပန့်ရှလုံးဝမသိ ဂရုစိုက်ဖို့အချိန်လည်းမရှိပေ။အိမ်မက်ထဲဝင်ပြီးနောက်မှာသူ့ပတ်ဝန်းကျင်ကကမ္ဘာကြီးကအားလုံးပြောင်းလဲသွားတယ်

ဒီကမ္ဘာရဲ့ထိန်းချုပ်သူကလင်ပန့်ရှနည်းနည်းလေးမှမတုံ့ဆိုင်းပဲငြင်းပယ်လိုက်တာကြောင့်ဒေါသထွက်သွားသည်။လင်ပန့်ရှလည်းမရေမတွက်နိုင်အောင်နိုးထခဲ့ရသည်။အကြိမ်တိုင်းဘေးမှာစုန့်ချင်းလော်ရှိနေတယ်အကြိမ်တိုင်းထူးဆန်းတဲ့နည်းတွေနဲ့စုန့်ချင်းလော်သေသွားတာကိုကြည့်နေရတယ် အကြိမ်ရေများလာတော့လင်ပန့်ရှလည်းထွက်ပြေးလွတ်မြောက်ချင်လာတယ် ‌ဒါပေမဲ့ဝရံတာကနေခုန်ချမယ့်အချိန်မှာအစပိုင်းတုန်းကကျောင်းဝင်းထဲမဟုတ်ပဲတခြားအိမ်မက်တစ်ခုထဲရောက်နေတာကိုသိလိုက်ရတယ်

တောင်ကုန်းလိုအရိပ်မည်းကလူနောက်လိုက်နေတဲ့အရိပ်လိုပဲ ထူးဆန်းထဲအိမ်မက်တစ်ခုပြီးတစ်ခု လင်ပန့်ရှ‌ဝင်နေရတယ် တချို့အိမ်မက်မှာနာတယ်တချို့အိမ်မက်မှာမနာဘူး တချို့အိမ်မက်ကအစစ်အမှန်နဲ့တူနေတယ်တချို့အိမ်မက်ကထူးဆန်းပြီးကြောင်တောင်တောင်နိုင်တယ် တစ်ခုတည်းသောတူညီချက်ကသိကျွမ်းတဲ့လူတွေရဲ့မရဏ

လူတွေရဲ့ပျော့ပျောင်းမှုဟာခန္ဓာကိုယ်သာမကစိတ်ခံစားချက်ပါပါဝင်သည်။လင်ပန့်ရှဝမ်းသာတာတယ် ဒါတွေအားလုံးကိုကြုံနေရတာက တခြားလူမဟုတ်ပဲကိုယ်ဖြစ်နေလို့တခြားလူဆိုရင်အစောကတည်းကရူးသွားပြီ

ရှုပ်ထွေးနေချိန်မှာပဲသူနဲ့ချွေးကောင်းယွိပြောခဲ့တာကိုသေချာမှတ်မိနေတယ်

"သူ့ကိုဘယ်လိုကပ်ရမလဲ?"

"အိမ်မက်ရဲ့အနက်မှာမင်းကိုအဖြေပေးလိမ့်မယ်"

စုန့်ချင်းလော်ပြောဖူးတာကနားလည်လွယ်တယ် ဒီအိမ်မက်ထဲမှာလူအမြောက်အမြားသေဖူးတယ် သူသဘောမတူတာနဲ့လူတွေကလုံးဝနိုးလာမှာမဟုတ်ဘူး တစ်ဦးတည်းသောအသက်ရှင်ကျန်သူ ချွေးကောင်းယွိကသူ့ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ဖို့ကိုပြန်ပေးချေတာ အဓိကလူဆိုရင်အိမ်မက်တစ်ခုလုံးရဲ့ဖွဲ့စည်းပုံကိုထောက်ကူပေးရတယ်

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now