အပိုင်း ၂၀ [ မရဏပျော်ပွဲ ] (2)

1.4K 209 4
                                    

အပိုင်း ၂၀ [ မရဏပျော်ပွဲ ] (2)

⟨⟨ဈာပနပွဲလယ်ရှိအသုဘ⟩⟩

အရှိန်မြန်ပေမယ့်လည်းရွာထဲမရောက်ခင် မိုးသည်းလာသည် ။

ပဲစေ့လောက်ကြီးတဲ့မိုးစက်တွေကမှန်တွေပေါ်ကျလာတာကြောင့်ကားအရှေ့ကမြင်ကွင်းကမရှင်းလင်းတော့ပဲဝေဝေဝါးဝါးဖြစ်နေ၏ ။ ကားဘီးအောက်ကဖုန်လမ်းကလည်းပိုရွှံ့ထူလာတယ် အန္တရာယ်ကင်းဖို့အတွက်စုန့်ချင်းလော်လည်းမတတ်နိုင်ပဲအရှိန်နှေးလိုက်ရသည် ။ အစကနေ့ခင်းရောက်မယ်လို့စီစဉ်ထားပေမယ့် ညနေခင်းရောက်သွားသည် ။

လမ်းပေါ်မှာလင်ပန့်ရှပတ်ပတ်လည်အခြေအနေကိုစစ်ကြည့်လိုက်တယ် တောင်ထဲကိုပိုဝင်လေအသံပိုတိတ်လေဖြစ်သည် ။ မိုးသည်းထန်စွာရွာနေတာကြောင့်လင်ပန့်ရှလည်းအဆောက်အအုံတွေကိုရှင်းရှင်းလင်းလင်းမမြင်နိုင်ပေ ။ တစ်ခါတလေလမ်းဘေးမှာတိတ်ဆိတ်နေတဲ့သင်္ချိုင်းတစ်ခုနှစ်ခုတော့တွေ့တယ်

ကားနောက်မှာထိုင်နေတဲ့လူနှစ်ယောက်ကငိုက်နေပြီဖြစ်တယ် လင်ပန့်ရှကစုန့်ချင်းလော်ကားမောင်းရင်းပင်ပန်းမှာစိုးတာကြောင့်မနားရဲပေ ။ ဘေးမှာထိုင်နေရင်းတစ်လျှောက်လုံးစကားပြောနေလိုက်သည် ။ နှမြောစရာကစုန့်ချင်းလော်ဟာစကားနည်းသူဖြစ်တာကြောင့်တော်တော်များများကလင်ပန့်ရှပြောနေတာများသည် ။ သူအလုပ်ထဲမှာကြုံရတဲ့ကိစ္စတွေကိုပြောနေတာဖြစ်တယ် တိုက်ပေါ်က‌နေခုန်ချတဲ့အလောင်းကအပိုင်းပိုင်းကျိုးသွားပြီးအသစ်လာတဲ့ဝန်ထမ်းကဂရုမစိုက်မိပဲတစ်ခုပဲကောက်မိတာကြောင့်မိသားစုဝင်တွေတွေ့ပြီးအကြာကြီးသောင်းကျန်းခံလိုက်ရကြောင်း ၊ ယောကျာ်းတစ်ယောက်ကအငယ်အနှောင်းတစ်ယောက်နဲ့ကားစီးထွက်ရင်း နှစ်ယောက်လုံးခါးပတ်မပတ်ထားတာကြောင့် ကားခေါင်းခန်းထဲကထွက်သွားပြီး ယောက်ကျာ်းရဲ့ခန္ဓာကိုယ်ကအငယ်အနှောင်းရဲ့ကိုယ်ပေါ်ထိမှန်ခဲ့တယ် ရိုက်ခတ်မှုကပြင်းတာကြောင့်နှစ်ယောက်ရဲ့အလောင်းတွေကိုအတူထားထားရပြီးဘယ်လိုမှခွဲလို့မရပေ ။ ယောကျာ်းရဲ့မိန်းမကဒီကိစ္စကိုသိတော့စိတ်တိုသွားပြီး အသုဘအခမ်းအနားတောင်မလုပ်‌ပေးပဲအတူသင်္ဂြိုဟ်ပေးလိုက်ရကြောင်း..........

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Donde viven las historias. Descúbrelo ahora