အပိုင်း ၇၉ [ တစ္ဆေဈေး ] (4)

764 127 5
                                    

အပိုင်း ၇၉ [ တစ္ဆေဈေး ] (4)

⟨⟨ပုရွက်အုံ⟩⟩

လင်ပန့်ရှသုတ်ကြည့်လိုက်တော့စိုစွတ်စွတ်နီရဲရဲ--သွေးဖြစ်နေသည်။အပေါ်မှာမတော်တဆဖြစ်နေတာသေချာသွားတာကြောင့်အော်ပြောလိုက်သည် : "မင်းတို့ဘာဖြစ်သွားလဲ??"

"ကျွန်မတို့အဆင်ပြေတယ်!!"လီရှင်းယွီမှတုံ့ပြန်လာသည် "ဝေ့ကျစ်းမောက်ဖြစ်တာ!!"

တစ်ခုခုဖြစ်သွားတာလား? လင်ပန့်ရှလန့်သွားကာတက်ပြေးတော့သည်။ငါးထပ်ရဲ့စင်္ကြံကိုရောက်တော့ ဖြူစုတ်စုတ်မျက်နှာနဲ့လှေကားထစ်မှာရပ်နေတဲ့လီရှင်းယွီကိုတွေ့လိုက်ရသည်။

"ဘာဖြစ်တာလဲ?"သူမရဲ့ခြေလှမ်းမတည်ငြိမ်နေတာကြောင့်အမြန်ထိန်းပေးလိုက်သည်။

"အပေါ်မှာလူသေနေတယ်"လီရှင်းယွီကဆိုတယ် "ဝေ့ကျစ်းမောက်ဟုတ်မဟုတ်တော့မသိဘူး......"

လင်ပန့်ရှ : "လူသေတယ် ဘယ်လိုသေတာလဲ?"

လီရှင်းယွီ : "မသိဘူး ကျွန်မတို့တက်သွားတော့သေနေပြီ"

လင်ပန့်ရှ : "ကျွန်တော့်ဖုန်းမှာလိုင်းမရှိတော့ဘူး မင်းဒီမှာပဲရဲတိုင်ကြည့်လိုက် ကျွန်တော်အပေါ်သွားကြည့်လိုက်မယ်"

"ကောင်းပါပြီ......"လီရှင်းယွီမှခေါင်းငြိမ့်လာသည်။

လင်ပန့်ရှချက်ချင်းခြောက်ထပ်တက်သွားသည်။လီရှင်းယွီပြောသလိုမျိုးဖြစ်နေပြီးတစ်ခုလုံးရှုပ်ပွနေသည်။ကြမ်းပြင်ပေါ်မှာလည်းသွေးများပွေပွနေပြီးအသားတုံးများလည်းပျံ့ကျဲနေသည်။သွေးညှီနံ့ကလည်းနှာခေါင်းထဲဝေ့နေသည်။အလောင်းတွေကိုမြင်ရတာအသားကျနေတဲ့လင်ပန့်ရှတောင်လွန်တယ်လို့ထင်တယ် ‌ဒီလိုဘယ်လိုသေသွားလဲဆိုတာလင်ပန့်ရှပုံဖော်လို့မရ မြင်းငါးကောင်နဲ့အဆွဲခံထားရသလိုပဲ ကြမ်းပြင်ပေါ်က ကလီစာအကြွင်းအကျန်တွေကိုတောင်မြင်နေရသေးတယ်

"သေတာမကြာသေးဘူးမလား?"လင်ပန့်ရှမေးလိုက်တယ်

"ခုနလေးတင်သေသွားတာဖြစ်မယ်"စုန့်ချင်းလော်ကပြောတယ် "ငါတို့တက်လာတုန်းကသွေး‌တွေစီးနေသေးတယ်"

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Onde as histórias ganham vida. Descobre agora