အပိုင်း ၃၉ [ လက်ကိုင်ပဝါပစ်ကြမယ် ] (1)

1.7K 194 13
                                    

အပိုင်း ၃၉ [ လက်ကိုင်ပဝါပစ်ကြမယ် ] (1)

⟨⟨မတော်တဆ⟩⟩

ဆယ်ရက်ကျော်စိတ်လှုပ်ရှားဖွယ်ခရီးစဉ်ပြီးတော့မှအိမ်ထဲကဆိုဖာပေါ်ထိုင်နိုင်တယ်တကယ်ဆိုရင်ပျော်စရာလို့တောင်ခံစားနေရသေးလင်ပန့်ရှရေချိုးလိုက်ပြီးအိပ်ခန်းထဲသွားနားလိုက်သည်။ညဘက်ရောက်တော့ကျိလဲ့ရွှေရုံးဆင်းလာပြီ

ကျိလဲ့ရွှေလင်ပန့်ရှရဲ့အခန်းကိုမဝင်ရဲသေးပဲတံခါးခေါက်ပြီးသာခေါ်လိုက်သည်။

"ထတော့လင်ပန့်ရှလင်ပန့်ရှအသက်ရှိသေးလား?"

လင်ပန့်ရှအိပ်ရာပေါ်ကနေထလိုက်ကာဆံပင်ဘုတ်သိုက်ကိုသပ်တင်လိုက်ပြီးတံခါးဖွင့်လိုက်တော့ကျိလဲ့ရွှေကိုတွေ့လိုက်ရသည်။

"ဘာလို့ဒီလောက်စောနေတာလဲ?"လင်ပန့်ရှကဆိုတယ်

"အလုပ်စောစောဆင်းလာတာလေ"ကျိလဲ့ရွှေရယ်လိုက်ပြီး : "ဒါနဲ့သာ့လောင်ရော?"

"ဘေးခန်းမှာထင်တယ်"လင်ပန့်ရှပြောလိုက်သည် "သွားကြည့်မလား?"

နှစ်ယောက်သားဘေးအိမ်ကိုသွားကြည့်တော့ဧည့်ခန်းမှာထိုင်နေတဲ့စုန့်ချင်းလော်နဲ့သူ့ဘေးကရှောင်ခူးကိုပါတွေ့လိုက်ရသည်။အကြီးတစ်ခုနဲ့အသေးလေးတစ်ခုဆိုဖာပေါ်မှာထိုင်နေလျက်ကြည့်လိုက်ရင်လိုက်ဖက်မှုရှိနေ၏။

"ရှောင်ခူးရှောင်ခူး"ကျိလဲ့ရွှေရှောင်ခူးကိုတွေ့တာနဲ့ချက်ချင်းပြုံးရယ်လာသည်။ရှောင်ခူးဘေးအပြေးလေးသွားကာရှောင်ခူးကိုဖက်ထား၍ : "ငါပြန်လာပြီနော်ငါ့ကိုလွမ်းနေလား"

ရှောင်ခူးကသူ့ရဲ့ဖြူစွတ်စွတ်နဖူးနဲ့ကျိလဲ့ရွှေလက်ကိုပွတ်သပ်လိုက်တော့တခစ်ခစ်ရယ်လာသည်။လင်ပန့်ရှသူရှောင်ခူးနဲ့အဆင်ပြေနေတာတွေ့တော့စိတ်ထဲကစိုးရိမ်နေမှုလည်းပျောက်သွားသည်။

သူတို့သုံးယောက်အိမ်ရာရဲ့အနီးမှာပဲညစာစားနေရင်းလင်ပန့်ရှရဲ့ရုရှားခရီးစဉ်အကြောင်းကျိလဲ့ရွှေမေးလိုက်သည်။

လင်ပန့်ရှပြောလို့ရတဲ့ဟာကိုပဲပြောလိုက်သည်။ကျိလဲ့ရွှေကတော့အရမ်းအားကျနေလျက်

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now