အပိုင်း ၁၂ [ တစ္ဆေပူးကပ်ခြင်း ] (1)

1.8K 230 2
                                    

အပိုင်း ၁၂ [ တစ္ဆေပူးကပ်ခြင်း ] (1)

⟨⟨ရုတ်တရက်‌ပေါ်လာခြင်း⟩⟩

လင်ပန့်ရှစုန့်ချင်းလော်ပြောပြတဲ့ အထူးအလုပ်နဲ့အလုပ်အကြောင်းအရာ ကြောင့်အနည်းငယ်စိတ်ရှုပ်သွား၏ ။ ဒါပေမဲ့သူတစ်ခုထဲသိတာက ဒီအလုပ်ကလဲတစ်ခုခုထူးတာမရှိပါဘူး မဟုတ်ရင် စုန့်ချင်းလော်လည်း သူ့ဘေးကအခန်းသေးသေးလေးကို သနားဖို့ကောင်းအောင် ငှားနေမှာမဟုတ်ဘူး ။ စုန့်ချင်းလော်ရဲ့ ပြောချက်အရ အလုပ်ကလစာများနေပေမယ့် လင်ပန့်ရှ စိတ်ထဲမထားပေ ။ ဈေးကွက်ရှာဖွေပေးပြီး နေ့တိုင်းမသွားတဲ့ ကျောင်းသားတောင် သုံးနှစ်ကြာပြီးရင် သန်းငါးဆယ် ရနိုင်သေးတယ် ဒီစကားမျိုးက နားထောင်ကြည့်တော့အဆင်ပြေနေသေးတယ်

စုန့်ချင်းလော်ရဲ့ရှင်းပြချက်အတိုင်းဆိုရင် သူ့အိမ်ထဲကပစ္စည်းတွေက လင်ပန့်ရှရဲ့အခန်းနံပါတ်ပြားနဲ့ ကွက်တိ အသုံးဝင်နေတယ် ကျိလဲ့ရွှေကိုစိတ်သက်သာရာရစေပြီး စိတ်အခြေအနေကောင်းသွားရင်တော့ အဲ့ဒီကြောက်စရာကောင်းတာတွေကို မျက်မြင်ထင်ရှားမတွေ့နိုင်တော့ဘူး အဲ့ကျမှ ကျိလဲ့ရွှေက ပုံမှန်အတိုင်း ပြောင်းနိုင်လိမ့်မယ်

ကျိလဲ့ရွှေ ဒီကိစ္စကိုသိပြီး စိတ်အခြေအနေမှာ အရမ်းမဆိုးတော့ လင်ပန့်ရှကိုအထိမ်းအမှတ်လုပ်ဖို့  ချက်ချင်းထွက်လာခိုင်းလိုက်သည် ။ လင်ပန့်ရှ စုန့်ချင်းလော်ကို သွားမလားမေးတော့ ငြင်းလာပြီး သူကိစ္စတချို့ကို ဖြေရှင်းစရာရှိတယ်လို့ပြောလာ၏ ။

လင်ပန့်ရှအော်လို့အသံပြုလိုက်ရင်း အဝတ်လဲလိုက်ပြီး ချိန်းထားသည့်နေရာသို့သွားလိုက်သည် ။

ရာသီဥတုက တစ်ပတ်နီးပါး တိမ်ထူနေပြီး အခုတော့ ရှင်းသွားပြီ  လင်ပန့်ရှဟာ နောက်ဆုံး နေဝင်ချိန်ကို ခံစားရင်း လမ်းပေါ်မှာ လမ်းလျှောက်နေလိုက်၏ ။

ကျိလဲ့ရွှေနဲ့ ချိန်းထားတဲ့ဆိုင်က လင်ပန့်ရှအလုပ်နဲ့ မဝေးတဲ့ အသားကင်ဆိုင်ဖြစ်သည် ။ အရသာကောင်းမွန်ပြီး ဈေးနှုန်းလည်း သင့်တင့်၏ ။ သူတို့အမြဲတမ်း ဒီဆိုင်မှာပဲချိန်းဖြစ်ကြသည် ။

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now