အပိုင်း ၆၇ [ အိမ်မက် ] (13)

855 156 5
                                    

အပိုင်း ၆၇ [ အိမ်မက် ] (13)

⟨⟨နက်နဲသောအိမ်မက်⟩⟩

လင်ပန့်ရှရဲ့မှတ်ဉာဏ်ထဲမှာတစ်ယောက်ယောက်ကသဘောကျတယ်ဆိုတဲ့စကားလုံးကိုဘယ်တုန်းကမှမပြောဖူးပေ။မိဘတွေကလည်းအစောကတည်းကသေသွားပြီးအဒေါ်ရဲ့အမြင်မှာလည်းအသားမှာစူးနေတဲ့ဆူးတစ်ချောင်းလိုသာဖြစ်သည်။ခြစ်ကုတ်ချွေတာပြီးအားသွန်ခွန်စိုက်စာသင်ရသည်ကြောင့်တခြားကိစ္စတွေကိုသူလုံးဝစိတ်ထဲမထည့်နိုင် တခြားလူတွေကဆယ့်ခုနစ်ဆယ့်ရှစ်မှာအချစ်အကြောင်းတွေးနေပေမဲ့လင်ပန့်ရှကတော့သဘောကျတယ်ဆိုတဲ့စကားလုံးနဲ့အရမ်းစိမ်းနေသည်။သူသဘောကျတဲ့လူလည်းမရှိ တခြားလူကကိုယ့်ကိုလာကြိုက်မယ်ဆိုတဲ့စိတ်ကူးလည်းမရှိပေ။စုန့်ချင်းလော်ရဲ့အပြောနဲ့အပြုအမူကြောင့်စိတ်ထဲကနေတစ်ခုခုကိုယောင်ဝါးဝါးခံစားလိုက်ရပေမဲ့တကယ့်စုန့်ချင်းလော်ကဒီစကားလုံးနှစ်လုံးကိုသာပြောလိုက်ရင် သူ့ခေါင်းထဲဗလာဖြစ်သွားသည်။မျက်လုံးပြူးနေလျက်ငူငိုင်စွာပြောလိုက်သည် : "ဘာကြီး?"

လင်ပန့်ရှရဲ့အမူအရာကစုန့်ချင်းလော်ကိုရယ်စေသည်။သူ့တွင်စိတ်ရှည်မှုရှိနေတာကြောင့်လင်ပန့်ရှနားကပ်လာပြီးတစ်လုံးချင်းပြောလာသည် : "လင်ပန့်ရှ,ကိုယ်မင်းကိုသဘောကျတယ်"

လင်ပန့်ရှ,ကိုယ်မင်းကိုသဘောကျတယ်——ထပ်ရှင်းလို့မရတော့လင်ပန့်ရှတစ်ခုခုပြောချင်ပေမဲ့ ပါးစပ်ဖွင့်လိုက်တာနဲ့ ရှိုက်သံတိုးတိုးသာထွက်လာသည်။မျက်နှာကိုကိုင်ကြည့်လိုက်ချိန်သူတကယ်ကိုငိုနေမိသည်။သူဘာလို့ငိုလည်းဆိုတာကိုယ်တိုင်လည်းမသိ ဒီတိုင်း စိတ်ထဲမှာအရမ်းခက်နေသည်။

"ဘာလို့ငိုတာလဲ?"စုန့်ချင်းလော်ဟာအနည်းငယ်ကြောင်သွားသည်။လင်ပန့်ရှငိုမယ်လို့မထင်တာကြောင့်အသံနိမ့်နိမ့်နဲ့ဆိုလိုက်သည် : "မင်းကိုယ့်ကိုလက်မခံတာနဲ့ငိုဖို့မလိုပါဘူး"

လင်ပန့်ရှ : "တောင်းပန်ပါတယ် ဒီစာကြောင်းကိုတစ်ယောက်ကမှငါ့ကိုမပြောဖူးလို့"သူအရှက်ကွဲပြီ မျက်နှာပေါ်ကမျက်ရည်တွေကိုအမြန်သုတ်ပစ်လိုက်သည်။အရင်ကကိစ္စတွေကိုသူသိပ်မမှတ်မိပေမဲ့သေချာတာကတော့ မိမိကိုဘယ်သူမှသဘောမကျနိုင်ဘူးလို့ထင်ထားခြင်းဖြစ်သည်။အဲ့ဒါကြောင့်စုန့်ချင်းလော်ဆီကနေအဲ့ဒီစကားလုံးလေးလုံး(我喜欢你)ကိုကြားလိုက်ချိန်မှာပုန်းနေတဲ့ခံစားချက်တွေကဒီရေလိုမြင့်တက်လာကာအဆင်သင့်မဖြစ်သေးချိန်မှာနစ်မြုပ်သွားသည်။

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Unde poveștirile trăiesc. Descoperă acum