အပိုင်း (၈၅)

Start from the beginning
                                    

"နင်တို့က အခုထိ ထင်နေတုန်းပဲ ရှိသေးတာလား ကလေးတွေရဲ့ ခါးချိတ်အဆောင်တွေကို ကြည့်စမ်းပါ အဲတာကျောက်စိမ်းတွေဟဲ့ ကျောက်စိမ်းတွေဆိုတာ ရွှေချောင်းတွေနဲ့ပဲ ဝယ်လို့ရတာ နင်တို့သဘောမပေါက်ဘူးလား"

"ဘုရားရေ ဒါဆို ပိုင်လီ ဝက်ဝံတွေရောင်းခဲ့တဲ့ သတင်းက အမှန်ပဲပေါ့ "

ဟုတ်ပါတယ်။ ဆိပ်ကမ်းမြို့မှာ ဝက်ဝံသားတွေရောင်းသူပေါ်လာခဲ့တဲ့သတင်းဟာ ဒီနယ်တစ်ဝိုက်ကိုတောမီးလိုပျံ့သွားပြီဖြစ်ပြီး နန်ချောင်းရွာကလူတွေကလည်း ကြားသွားခဲ့ပါပြီ။ ဝက်ဝံသားရောင်းတာကို ပိုစိတ်ဝင်စားသွားစေတဲ့အချက်က ဝက်ဝံအမဲလိုက်ခဲ့တဲ့သူရဲ့ ကံကောင်းလွန်းတဲ့ ကံတရားအကြောင်းပါပဲ။

လူတွေက ပိုင်လီပြောပြခဲ့တဲ့ဇာက်လမ်းကို တစ်ယောက်နည်းနည်းစီ ချဲ့အပြီးမှာတော့ အဲတာက ပိုင်လီက တောထဲမှာ သူ့ဘာသူ ပြုတ်ကျသေနေတဲ့ဝက်ဝံကို ကံကောင်းစွာနဲ့ ကောက်တွေ့လာတာလို့တောင် ဇာက်လမ်းက ပြောင်းသွားခဲ့တာကြောင့် နန်းချောင်းရွာသားတွေက အားကျ၊ မလိုရုံကလွဲပြီး ဘာမှ မတတ်နိုင်တော့ပါဘူး။

ဒါပေမယ့် သူတို့က ဒီလိုမနာလိုလို့ ပိုင်လီလိုကံကောင်းလို ကံကောင်းငြားဆိုပြီး တောထဲကိုလည်းဝင်မသွားရဲကျဘူး။ သူတို့ ဝမ်ရူရဲ့ကိစ္စကို မမေ့သေးဘူးလေ။

သူတို့က ဒါကိုကြားကြားချင်း ပိုင်မိသားစုနဲ့ ပိုင်လီတို့အိမ်တွေကို စပ်စုဖို့သွားခဲ့ကျသေးပေမယ့် အဲဒီမိသားစုက ကျိုးရှီရဲ့ကိစ္စဖြေရှင်းဖို့ ရုံးတော်ကိုသွားနေတာကြောင့် မစပ်စုနိုင်ဖြစ်ခဲ့ရကာ ဒီနေ့ ဒီမိသားစုတွေ ပြန်ရောက်နေကြောင်း တွေ့လိုက်ရပေမယ့် အခုမှတော့ သူတို့က သွားစပ်စုဖို့ တွန့်ဆုတ်သွားကျပြီဖြစ်သည်။

ဒါကြောင့် သူတို့တွေက စုပြီး အတင်းပြောဖို့ပဲ လုပ်နေကျတာပါ။

ဘာပဲဖြစ်ဖြစ် ရှောင်မိသားစုရဲ့ကိစ္စ၊ ဝမ်မိသားစုရဲ့အဖြစ်ပျက်နဲ့ ကျိုးရှီရဲ့ကွာရှင်းခံရမှုတို့က သူတို့ရွာမှာ ဖုံးကွယ်ထားတဲ့ ကိစ္စမဟုတ်ခဲ့ဘူးလေ။ ပြီးတော့ ဒီကိစ္စတွေက အတင်းပြောဖို့ ခေါင်းစဥ်ကောင်းတွေချည်းပဲဖြစ်ပြီး သူတို့ကလည်း အခုအလုပ်မရှိဘဲ အားလပ်နေကျပြီလို့ ဒီမိသားစုရဲ့အကြောင်းကို မပြောပဲမနေနိုင်ကျပါဘူး။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now