🖤2🖤

3.7K 306 8
                                    

Unicode

*အား...​​ခေါင်းကလည်း ကိုက်ပြန်ပြီ*

​ခေါင်းကိုက်တာလည်း မ​ပြောနဲ့။ မ​နေ့က တကယ့်ကို အပြင်းစား​တွေချည်း ချခဲ့တာမဟုတ်လား။ Taehyungပြန်ပို့​ပေးတာ​တွေကို မသိ​တော့တဲ့အထိ သူလွတ်သွားခဲ့တာပဲ။

တဆစ်ဆစ်နဲ့ ကိုက်​နေတဲ့ ​ခေါင်းကို လက်နဲ့ဖိရင်း လန်းဆန်းသွား​စေဖို့ ​ရေချိုးခန်း ဝင်ခဲ့ရသည်။
မ​နေ့က အလုပ်နားရက်မဟုတ်ဘဲ နားခဲ့လိုက်ရသည်။
မိုး​တွေ ရွာပြီးတဲ့ အချိန်တိုင်းလိုလို သူအဆင်မ​ပြေ ဖြစ်ရပါသည်။
အဲ့လိုချိန်မျိုးဆို ​သောက်ပြီး ​မှောက်ဖို့ကလွဲ ကျန်တာမစဥ်းစားမိ​။
​မှောက်​အောင်​သောက်မယ့် အချိန်တိုင်း ​ဘေးမှာ Taehyungက ရှိ​ပေး​နေကြ ။

ဒီ​နေ့​တော့ အလုပ်သွားဖို့အတွက် ပြင်ဆင်ပြီး ထွက်လာခဲ့တယ်။
အလုပ်ဆိုလို့ သူများဆီမှာ လုပ်ရတာမျိုး မဟုတ် ။
Jiminက ကိုယ်ပိုင် ကိတ်ဆိုင်ဖွင့်ထားပြီး ကိုယ်တိုင် ကိတ်မုန့်ဖုတ်တဲ့ အချိန်ရှိသလို တခြားသူများနဲ့ လွှဲထားတာမျိုးလည်း ရှိ​သည်။

Seoulမှာတင် Jiminရဲ့  ကိတ်မုန့်ဆိုင်က ၅ဆိုင်​လောက်ရှိသည်။
Chim ဆိုတဲ့ ကိတ်မုန့်ဆိုင်ဆို မသိသူ ရှားလှသည်။
ကိတ်သား လက်ရာက အရသာ ​ကောင်းလွန်းတဲ့အပြင် သူမတူ​အောင် ဖန်တီးတတ်တဲ့ ကိတ်မုန့်Design​တွေ​​ကြောင့် နာမည်ကြီးလှသည်။

​သူက​တော့ ပင်မဆိုင်မှာပဲ အ​နေများပြီး ကျန်ဆိုင်​တွေကို​တော့ အလှည့်ကျ သွားစစ်​လေ့ရှိသည်။
သူ့ဆိုင်က ကိတ်မုန့်ဖုတ်ဆရာ​တွေကိုလည်း သူကိုယ်တိုင် သင်​ပေးထားပြီး ​မွေးထုတ်ထားတာ ဖြစ်သည်။
ကိတ်မုန့်လုပ်တတ်ပြီးသားသူကို မခန့်ဘဲ ခုမှ စပြီး သင်​ပေးရမည့် သူမျိုးကိုပဲ ​ရွေးချယ်ပြီး ​သေချာTrain​ပေးထားတာမျိုး ဖြစ်သည်။
ဒါ​ကြောင့်လည်း သူ့ဆိုင် ၅ဆိုင်လုံးက ကိတ်အရသာ​တွေက တထပ်တည်း တူ​နေခဲ့သလို ဖန်တီးမှု​တွေကလည်း အမိုက်​စားဖြစ်​နေခဲ့တာ​ပေါ့။

What Am I Now? What if I'm someone I don't want around? I'm falling again~~~ I'm falling again~~~~falling~~~

ဖုန်းသံ​ကြောင့် ကြည့်လိုက်တဲ့အခါ Hoseokဆီက

Forget Me NotWhere stories live. Discover now