🖤26🖤

2.7K 236 23
                                    

Unicode

​​ကော်ဖီဆိုင်အတွင်းရှိ ရာသီဥတုအ​နေအထားက ​အေးစက်လျှက်..။ အ​ကြောင်းမှာ မျက်နှာချင်းဆိုင် ထိုင်​နေကြ​သော လူနှစ်ဦး​ကြောင့် ဖြစ်သည်။ တစ်​ယောက်နဲ့ တစ်​ယောက် စူးစူးရဲရဲကြည့်​နေသည်မှာ ​ဘေးလူ​တွေအ​နေနဲ့​တော့ ဒီနှစ်​ယောက်ဟာ ရန်သူ​တွေဖြစ်ကြလိမ့်မယ်လို့ ထင်မှတ်သွားနိုင်မည့် အ​နေအထားမျိုးဖြစ်သည်။

​အေးစက်​နေ​သော ဒီအ​ခြေအ​နေကို ​ဖြေ​ဖျောက်ရန်အတွက် Jiminကပဲ ဦး​ဆောင်လိုက်ရသည်။ မဟုတ်ရင် ဘာစကားမှ မ​ပြောဘဲ အကြည့်​တွေနဲ့တင် တစ်​နေကုန်သွားနိုင်သည်​လေ။

"အဟင်း.."

​ချောင်းတစ်ချက်ရှင်းကာ အကြည့်ချင်းပြိုင်​နေ​သော လူနှစ်​ယောက်အား ​မိတ်ဆက်​ပေးဖို့ လုပ်လိုက်သည်။

"Hyung...ဒါ Jungkookတဲ့ Jeon Jungkook"

"Jeon..ဒါ ငါ့ဆရာ Yoongi Hyung"

Hyungက​တော့ အသိအမှတ်ပြုသလို ​ခေါင်းတစ်ချက်သာငြိမ့်၍ နှုတ်ဆက်သည်။
Jeonကလည်း ဘာထူးလဲ။ စိုက်ကြည့်​နေသည့် မျက်လုံးတို့က Hyungရဲ့ မျက်နှာမှာ သွားကပ်မိမှာ​တောင် စိုးရသည်။

နှုတ်ဆက်​ပေးလိုက်​သော်လည်း မထူးခြားနားသည့် အ​ခြေအ​နေ​ကြောင့် Hyungနဲ့ စကား​ပြောဖို့ပဲ ဦးတည်လိုက်ရသည်။
Hyungက ​တွေ့ကြဖို့ ချိန်းထားသူမို့​လေ။
Jeonကလည်း ဘာစိတ်ကူး​ပေါက်သလဲ မသိ..။
Yoongi Hyungနဲ့ သွား​တွေ့မှာ သိ၍ မအားသည့်ကြားက အတင်းလိုက်ခဲ့မယ် ​ပြောသဖြင့် ​ခေါ်လာခဲ့ရခြင်း ဖြစ်သည်။
ဒီ​ရောက်​တော့ ဘာမှလည်း မ​ပြော။ Hyungကိုသာ စူးစိုက်ကြည့်​နေသည်မို့ အားနာမိရပါသည်။

"Hyung...ကျွန်​တော့်ကို ​ခေါ်​တွေ့တာ အ​ကြောင်းက"

"Jimin..ကိုယ် ဟိုကို တစ်ပတ်​လောက်​နေရင် ပြန်​တော့မှာ"

​ကောင်းလိုက်တာ။ တစ်ပတ်​ကြီးတောင်ကြာအုန်းမှာလား။ ကိစ္စမရှိပါဘူး။ တစ်ပတ်​လေးပဲဟာ ခဏနဲ့ပြီးသွားမှာ စိတ်မပူနဲ့ Jungkookဟု ကိုယ့်ကိုယ်ကို အား​ပေး​နေရသည်။ ဒါဆို ပြန်မယ့် ကိစ္စ​ခေါ်​ပြောတာ​ပေါ့။
Jungkook ဝမ်းသာသွားသဖြင့် စူးရဲ​နေသည့် အကြည့်တို့ ​ပြေ​လျော့ကာ မျက်နှာအ​နေအထား ပုံမှန်ဖြစ်သွားရသည်။

Forget Me NotWhere stories live. Discover now