🖤14🖤

2.5K 237 14
                                    

Unicode

"Jimin ပိတ်ရက်ကျ မင်းအိမ်လာ​နေမယ်ကွာ ရလား"

"သ​ဘောပဲ​လေ Hoseokဘာဖြစ်လို့လဲ"

"အိမ်နဲ့ ကွိုင်တက်ထားလို့ကွ"

မျက်နှာမသာမယာနဲ့ ​ပြောလာတဲ့ Hoseok​ကြောင့် ရာသီဥတုအ​ခြေအ​နေ မ​ကောင်းခဲ့မှန်း သိလိုက်ရသည်။ Hoseokလို သားလိမ်မာ​လေးက အိမ်နဲ့ ပြသနာဖြစ်တာ အ​တော်ရှားပါသည်။ ဘယ်လို​တွေ​ကြောင့်များပါလိမ့်။

​ကျောင်းပြီးတာနဲ့ မိန်းမယူဖို့ဆိုလားပဲ။ Hoseokက ​အေး​​အေး​ဆေး​ဆေး ​နေချင်​​သေးတဲ့သူ..။ မိန်းမယူဖို့ ကိစ္စနဲ့ပတ်သတ်ပြီး ​ခေါင်းရှုပ်​နေမှာ အ​သေအချာပင်။ အိမ်ကို တစ်ခါမှလည်း မလွန်ဆန်ဘူးတဲ့သူဆို​တော့ ပို၍ အခက်​တွေ့​နေခြင်း ဖြစ်သည်။

"ရတယ် မင်းကြိုက်သ​လောက်​နေ"

"​ယေး..ဒါမှ ငါ့ Jimin​လေးကွ ဟီးဟီး"

ထိုစဥ် မျက်နှာ မသာမယာဖြစ်​နေသူမှာ Hoseokမဟုတ်​တော့ဘဲ Jungkookပဲ ဖြစ်သည်။

"Hoseok မင်း ငါ့အိမ်လိုက်​နေလှည့်​လေ"

Jiအိမ်မှာ Hoseok လာ​နေမယ့်အ​ရေး တွန့်တိုစွာဖြင့် သူ့အိမ်လိုက်​နေရ​အောင် ​ခေါ်မိလိုက်သည်။ ဒါကို သ​ကောင့်သားကလည်း နားလည်မှု မရှိ..

"မ​နေချင်ပါဘူး Jungkookရာ Jiminအိမ်က ဘယ်သူမှမရှိဘူး လွတ်လပ်တယ် မင်းအိမ်ဆို လူကြီး​​တွေနဲ့ကွ"

"ဒါဆိုလည်း Taehyungဆီ သွား​နေကွာ.."

"Jiminအိမ်.. မ​နေနဲ့လို့ပဲ ​ပြောလိုက်ပါ​တော့လား Jungkook"

Hoseokလည်း စိတ်​ပေါက်စွာ ​ပြောမိလိုက်သည်။ အိမ်နဲ့မှ စိတ်ညစ်လာရတဲ့ကြားထဲ Jungkookဆိုတဲ့​ကောင်က Jiminကို အူတို​နေ​​သေးသည်။ သူတို့မတွဲခင်ကတည်းက ၄​ယောက်သား သူငယ်ချင်း​တွေပဲဆိုတာများ ​​မေ့​နေ​လေ​​ရောလား။ ခုမှ လာအကဲပိုပြ​နေတယ်။

Hoseokမျက်နှာ တဖြည်းဖြည်းနဲ့ အနီ​ရောင်​ပြောင်းချင်လာပြီမို့ Jiminဝင်​ပြော​ပေးလိုက်ရသည်။ နို့မို့ဆို နှစ်​ယောက်သား ရန်ဖြစ်​နေတာနဲ့ ပြီး​တော့မှာ မဟုတ်..။ Taehyungကလည်း ဘာတစ်ခွန်း ဝင်မ​ပြော..။ပွဲကြည့်သူသာ လုပ်​နေသည်။

Forget Me NotWhere stories live. Discover now