🖤30🖤

6K 347 27
                                    

Unicode

တကယ်​တော့ Jiminဆီဝင်လာ​သော message​တွေဟာ ပုံ​တွေပါ။
Jeonနဲ့ Jihoရဲ့ ပုံ​ပေါင်းများစွာ​ပေါ့။
ပထမဆုံးပို့လာ​သောပုံက Partyတွင်းမှာ ပြုံး​ပျော်​နေကြ​သော သူတို့နှစ်​ယောက်ရဲ့ပုံ။
ဒါ​သေချာ​ပေါက် ဒီ​နေ့ညပွဲက ပုံပဲ ဖြစ်ရမယ်။
​နောက် Partyထဲကထွက်ကာ Jeonကိုယ်တိုင် Jihoကို ကားဆီလိုက်ပို့​နေ​သောပုံ...။
​နောက်ထပ်​တွေက...
စား​သောက်ဆိုင်တစ်ခုမှာ Jeonနဲ့ Jihoတို့ စကား​ပြော​နေကြ​သောပုံ..။
​နေ့လည်စာ စားတုန်းရိုက်ထားတာဖြစ်မည်။
ဒီအပြင် ​နောက်ထပ်ပုံ​ပေါင်းများစွာ​တွေလည်း ပို့လာခဲ့ပါ​သေးသည်။

ပို့လာတာက ဒီ​လောက်​ပါပဲ...။ ဒါ​ပေမယ့် သူ ဘာလို့ အရူးတစ်​ယောက်လို Jeonဆီ အကြိမ်ကြိမ်ဖုန်း​​တွေ ​ခေါ်​နေမိလဲ သိကြလား။
သူ​ကြောက်လို့..။ ​နောက်ထပ်များ Jeon သူ့ကို ထားရစ်ခဲ့​တော့မှာလားလို့ ​
အ​တွေး​လေး​ပေါ်လာရုံနဲ့ သူအရမ်း​ကြောက်မိလို့။
Jeonနဲ့ ပတ်သတ်ရင် Jimin ကိုယ့်ကိုယ်ကို ယုံကြည်မှု အားနည်း​နေပါ​သေးတယ်။
Jeonနဲ့ပတ်သတ်ရင် အ​သေးအဖွဲ​လေးကအစ သူအားငယ်တတ်ပါသည်။

ဒါ​ကြောင့် အဲဒါ​တွေ​ကြောင့်....
သူ Jeonဆီကို မရမက ဖုန်းဆက်​နေမိတာပါ။
​သေချာ​တွေးကြည့်ရင် Jeonသူ့ကို ထားရစ်ခဲ့စရာအ​ကြောင်း မရှိဘူးလို့ ထင်နိုင်ပါတယ်။
အရင်ကနဲ့ လုံးဝမတူ​အောင်ကို Jeonက ​ပြောင်းလဲသွားခဲ့ပါတယ်။
သူ့ကို ဂရုစိုက်​ပေးတယ်။ သူ့ကို စိတ်ပူ​ပေးတယ်။ သူ့ကို သဝန်တိုတတ်​နေပြီ။
သူ့ကို ​ပျော်​အောင်ထား​ပေးတယ်။
​ဝေး​နေတာ​တောင်၊ အလုပ်​တွေ မအားလပ်​နေတာ​တောင် သူ့ဆီကို အချိန်မှန်ဆက်သွယ်တယ်။
Jeon သူ့ကို ချစ်​နေပြီဆိုတာ သံသယဝင်စရာမလို​အောင်ကို Jeonက ချစ်ပြ​ပေးပါတယ်။

ဒါဆို ဘာလို့များ ဒီပုံ​လေး​တွေ ​တွေ့တာနဲ့ တုန်လှုပ်သွားတာလဲလို့ ​မေးကြမှာ​ပေါ့။
ဒါ Jeonအချစ်ကို မယုံကြည်လို့လည်း မဟုတ်သလို၊ Jeonကို အပြစ်တင်ချင်လို့လည်း မဟုတ်ရပါဘူး။
သူ့ကိုယ်သူ အားငယ်မိလို့ပါ။ သူဟာ Jeonအချစ်နဲ့ တကယ်ထိုက်တန်ရဲ့လား။
Jeonအချစ်​တွေကို လက်ခံဖို့​ရော အရည်အချင်းရှိရဲ့လား။
သူ့​အတွက်ကြောင့်နဲ့ Jeonဝန်ထုပ်ဝန်ပိုး ဖြစ်​နေမိမှာ​တွေ စိုးသလို၊ တစ်ဖက်မှာလည်း Jeonကို လက်မလွှတ်ချင်ဘူး။
Jeonကို ချစ်တယ်။ Jeonကို အပိုင်ရချင်တယ်။
Jeonချစ်တာကိုလည်း လိုချင်တယ်။

Forget Me NotWhere stories live. Discover now