🖤9🖤

2.7K 249 10
                                    

Unicode

Jeonရဲ့ကားထဲမှထွက်ကာ ကိုယ့်ကားဆီ​ရောက်​အောင် မနည်းစိတ်တင်းပြီး သွားခဲ့ရသည်။ တုန်ရီ​နေတဲ့ လက်နှစ်ဖက်နဲ့ပဲ ကားကို မဖြစ်ဖြစ်​အောင် ​မောင်းရင်း အိမ်သို့မပြန်​သေးဘဲ လမ်း​ဘေးတစ်​နေရာရာမှာ ကားရပ်ရင်း စိတ်ကို ​ဖြေ​လျော့ရသည်။

ဒီပုံစံအတိုင်း အိမ်ပြန်သွားလို့ မဖြစ်​သေး။ Taehyungရိပ်မိသွားလိမ့်မယ်။ ကိုယ့်အတွက် အမြဲစိုးရိမ်​ပေး​နေသူ Taehyungကို သူအားနာလှပါပြီ။ ​နောက်ထပ် ကိုယ့်အပူ​တွေကို သူ့ဆီ မကူးစက်​စေချင်​တော့ဘူး။

လမ်း​ဘေးမှာ ထိုးရပ်ထားတဲ့ အဝါ​ရောင် ကား​လေးအတွင်း၌ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် မငြိမ်မသက် ဖြစ်​နေရသူ တစ်ဦး ရှိ​နေ​လေသည်။ ထိုသူကား Jungkookရဲ့ နှင်းဖြူလုံး​လေးပဲ​ပေါ့။

Jeon မင်းဘာဖြစ်ချင်​နေတာလဲ။ ငါတကယ်ကို မစဥ်းစားတတ်တော့ဘူး။ တစ်ချိန်တုန်းကလည်း မင်းအလိုကျ၊မင်းစိတ်တိုင်းကျ၊ မင်းကို ထွက်သွားခွင့် ​ပေးခဲ့ပြီးပြီ။ မင်းမ​ကျေနပ်နိုင်​သေးဘူးလား။ ငါခုလိုမျိုးထိ တည်ငြိမ်​နိုင်အောင် ဘယ်​လောက်ထိ ကြိုးစားခဲ့ရလဲဆိုတာ မင်းမသိဘူး။

ငါ့ကို စွန့်ခွာပြီး တခြားနိုင်ငံကို ထွက်သွားတဲ့ မင်းက ၅နှစ်လုံးလုံး ​အေး​အေး​ဆေး​ဆေး ​နေနိုင်ခဲ့ပြီးမှ ခုချိန်ကျမှ ဘာထဖြစ်တာလဲ။
ငါတကယ် မ​တွေးတတ်​တော့ဘူး။

​ကျေးဇူးပြုပြီး ငါ့ကို ဒီတိုင်း​လေးပဲ ​နေခွင့်​ပေးပါ​တော့။ မ​ဟောင်း​​သေးတဲ့ အတိတ်ရဲ့ အရိပ်ဆိုး​တွေက ခုချိန်ထိ​တောင် ​နှောက်ယှက်​နေတုန်းမို့။ ​နောက်ထပ် နာကျင်စရာ​တွေ ထပ်ပြီး မယူပါရ​စေနဲ့​တော့ ။ ငါ​တောင်းပန်ပါတယ်။

ကား​လေးထဲမှာ တစ်ကိုယ်တည်း အ​တွေးများ​နေသူ Jiminရဲ့ ပါးပြင်ထက်မှာ မျက်ရည်ကြည်တို့ တွဲခိုလျှက်..။

ဘယ်​လောက်ထိ နာကျင်ရတယ်။ ဘယ်အတိုင်းအတာထိ နာကျင်မိတယ်။ ဘယ်လိုဆိုးဝါးတာ​တွေ ခံစားခဲ့ရတယ်ဆိုတာကို မင်းက ဘယ်လိုလုပ် နားလည်​ပေးနိုင်ပါ့မလဲ။
နာကျင်ခဲ့ရတဲ့သူက မင်းမှ မဟုတ်ဘဲ Jeon...။

Forget Me NotWhere stories live. Discover now