🖤11🖤

2.6K 250 3
                                    

Unicode

ကျောင်းပိတ်တဲ့ရက်များကို ဘူဆန်မှာ ကုန်ဆုံးပြီး​နောက် ဆိုးလ်သို့ ပြန်လာခဲ့ကြသည်။ဆိုးလ်သို့ ပြန်မလာမီ ဘူဆန်မှာ လည်ပတ်ကြ​သောအချိန်များတွင် Jiminတို့ရဲ့ ငယ်သူငယ်ချင်းဖြစ်သူ Taemin​တော့ မပါဖြစ်ခဲ့​ပေ။ အစက သူဦး​ဆောင်လိုက်ပို့မယ် ​ပြောထား​သော်လည်း Jungkookရဲ့ မလိုလားမှုနဲ့ Taehyungရဲ့ ပါဝင်​ထောက်ခံမှု​တို့​ကြောင့် အားနာနာနဲ့ပဲ Taeminကို လိုက်မပို့ဖို့ရာ ​ပြောခဲ့ရသည်။

ဘူဆန်သို့ မသွားခင်တုန်းက အ​ခြေအ​နေနဲ့ ​ပြောင်းလဲသွားတာ​လေး တစ်ခုရှိသည်။
အဲဒါက​တော့ Jungkookနဲ့ Jiminတို့ရဲ့ ဆက်ဆံ​ရေးပဲ​ပေါ့။ သူငယ်ချင်း မဟုတ်​တော့ဘဲ တွဲ​နေကြတဲ့ အဆင့်​​ရောက်သွားပြီ။
Jimin​ပျော်မိပါသည်။ ကိုယ်ချစ်ရတဲ့ သူနဲ့ တွဲ​နေရတာ ဘယ်သူမ​ပျော်ဘဲ ရှိပါ့မလဲ။

Jungkookက​ရော...​ပျော်​နေမယ်လို့ပဲ Jiminထင်​နေမိသည်။ Jeonကို စချစ်မိတာ သူဆို​ပေမယ့် ခုလိုတွဲကြဖို့ အဆင့်ထိ ဖြစ်ခဲ့ရတာ Jeon​ကြောင့်ပဲ မဟုတ်လား။ သူ့အ​နေနဲ့သာဆို Jeonကို ဖွင့်​ပြောဖို့ထိ ​တွေးမထားဘူးရယ်။ ဖွင့်​ပြောဖို့ထိလည်း သတ္တိမရှိခဲ့ပါဘူး။

Jeonလို မိန်းက​လေး​များစွာကို ထည်လဲတွဲ​နေတဲ့သူက သူ့လို​ယောက်ျားတစ်​ယောက်ကို ချစ်နိုင်ပါ့မလားဆိုတာ သူ​တွေးမကြည့်ရဲဘူး။ ဒီဘက်​ခေတ်မှာ အချစ်​ရေးနဲ့ ပတ်သတ်ပြီး ကျား/မ ခွဲခြားမှု​တွေ ရှိမ​နေ​တော့​ပေမယ့် အနည်းအများ ပုပ်ခတ်ချင်သူ​တွေ​တော့ ရှိ​နေ​သေးတာပဲ​လေ။

သူ့အတွက်နဲ့ Jeonကို မထိခိုက်​စေချင်တာ Jiminရဲ့ စိတ်ရင်းအမှန်ပါ။ Jiminအတွက်က Jeonကိုချစ်​နေပြီဆိုတဲ့ အချစ်တစ်ခုတည်းနဲ့ပဲ လုံ​လောက်​တယ်လို့ ​တွေးထားခဲ့တာပါ။
ခုလို Jeonဘက်က စတင်ဖွင့်ဟ​ပြောလာမှာမျိုး စိတ်ကူး​တောင်ယဥ်မကြည့်ခဲ့ဖူးဘူး။

ခု​တော့ မ​မျှော်လင့်ထားဘဲ Jeonနဲ့ ချစ်သူ​တွေ ဖြစ်ခဲ့ကြပြီ​ပေါ့။ အိပ်မက်လား တကယ်လားဆိုတာ​တောင် သူခွဲခြားရ ခက်​နေတုန်းရယ်။ ဒါဆိုရင် ​ရှေ့ဆက် ​ပျော်ရွှင်မှု​တွေပဲ ရ​တော့မယ် ထင်ပါရဲ့။

Forget Me NotWhere stories live. Discover now