🖤23🖤

2.7K 249 22
                                    

Unicode

တီ...တီ...

မြည်လာ​သော ဖုန်းသံ​​ကြောင့် ​ခေါင်းသုတ်​နေတဲ့လက်တို့ ရပ်တန့်ကာ ကိုင်လိုက်ရသည်။
အရင်က Fallingသီချင်းကို Ringtoneထားခဲ့​သော်လည်း ယခုမူ ဘာသီချင်းသံမှ ထားလိုစိတ်မရှိ...။
အရာရာဟာ မဆိုးလွန်း​သော အ​ခြေအ​နေမှာ ရှိ​နေတာမို့ အရမ်းကြီး Feelပြ​နေဖို့လည်း မလိုအပ်ဟု Jiminထင်မိသည်။
ဒါ​ကြောင့် ဖုန်းလာလျှင် တီ..တီ..ဆို​သော အသံသာ ကြားရ​တော့သည်။

​ခေါ်ဆိုသူ၏ အမည်နာမ​နေရာ ကြည့်လိုက်မိ​သော နှလုံးသားတစ်ခု~~~

ဟုတ်တယ်..။ Park Jiminရဲ့ နှလုံးသားတစ်စုံပဲ။

"​ပြော Jeon"

"Ji ပြန်မလာ​သေးဘူးလား...ခရီးသွားတာကလည်း အကြာကြီးပဲ"

"မင်းမှာ အချိန်​တွေ သိပ်​ပေါ​နေသလား"

သူ​မေးမိ​လိုက်​တော့သည်။ ခရီးထွက်လာကတည်းက တစ်​နေ့ ၃ခါ​လောက် အနည်းဆုံး ဖုန်းဆက်သည်။ အ​ကြောင်းပြချက် မယ်မယ်ရရမရှိပါဘဲ ဟိုဟာ ဒီဟာ​ ​ရောက်တက်ရာရာ​ပြော​ပြောပြီးဆို ဖုန်းချသွားတတ်သည်။

Jeon Groupကို တစ်ချိန်မှာ ဦး​ဆောင်ရမယ့်သူဟာ အလုပ်ပုံထဲ ​ခေါင်းနှစ်​နေတာမျိုးပဲ ဖြစ်သင့်သည် မဟုတ်ပါလား။ ခု​တော့ သူ့မှာ အရမ်း​တွေများ အားလပ်​နေသလားလို့။

Jejuကို ​ရောက်တာ ၃ရက်​လောက်ပဲ ရှိ​သေးသည်။ ဘယ်​လောက်များ ကြာ​သေးလို့ပါလိမ့်...။ တကယ်ဆို သူနဲ့ကိုယ်ရဲ့ ဆက်ဆံ​ရေးဟာ အဲ့​​လောက်ထိ မဟုတ်ပါဘဲ...

ဖြစ်နိုင်ရင် ဒီမှာ Hyungနဲ့ ကြာကြာ​လေး ရှိ​နေချင်​သေးသည်။ Hyungနဲ့​နေရတာ သူ့အတွက် လွတ်လပ်​ပေါ့ပါး​စေသည်။ ​ပျော်ရွှင်ရသည်။ က​လေးတစ်​ယောက်လို အမြဲဦးစား​ပေးတတ်သည့် Hyungကို သူတကယ်ချစ်ပါသည်။ အစ်ကိုတစ်​ယောက်လို ဆရာတစ်​ယောက်လို သူငယ်ချင်းတစ်​ယောက်လို....Hyungဟာ သူ့အတွက် အ​ရေးပါ​သော လူသားတစ်ဦး..။

ခုဆို သူဖုန်းဆက်လွန်းအားကြီး၍ Hyungက​တောင် ​​မေး​နေပြီ​လေ။ Hyungက Jeonနဲ့ပတ်သတ်ပြီး အနည်းအကျဥ်း​တော့ သိထားပြီးသားပါ။ တစ်ချိန်တုန်းက Jiminအလဲလဲ အပြိုပြို ဖြစ်ခဲ့ရခြင်းရဲ့ တရားခံဟာ Jeonဆိုတာလည်း Hyungသိထားသည်။ 
ခုလည်း Jeonနဲ့ ပုံမှန်ဆက်ဆံ​ရေးမျိုးဆို​တော့ ဘာမှဝင်မစွက်ဖက်ခဲ့..။ ​ကောင်းသည် ဆိုးသည် ဘာမှမ​ပြော..။
Jiminသ​ဘောကျရာ လမ်းကိုပဲ ​ရွေးတဲ့..ဒါပဲ​ပြောသည်။

Forget Me NotDonde viven las historias. Descúbrelo ahora