🖤16🖤

2.5K 236 11
                                    

Unicode

"Jimin မင်းဘူဆန်ကို ပြန်မလာဖြစ်ဘူးလား"

"ဟုတ်တယ် Taemin..ဒီမှာပဲ ​နေဖြစ်​နေတာ"

"မင်း​တောင် Seoulနဲ့ အသားကျ​နေပြီပဲ"

"မင်း​​ရော Seoulကိုလာဖို့ အစီစဥ်မရှိဘူးလား"

"အင်း မရှိဘူး ငါ​​ကျောင်းပြီးရင် ပြည်ပထွက်မှာ"

"အဲ့တာလည်း ​ကောင်းတာပဲ"

Taemin Seoulကို ခဏ​ရောက်လာတုန်း Jiminနဲ့ ​တွေ့ဖြစ်တာ ဖြစ်သည်။ Taeminက ​ကျောင်းကို ဘူဆန်မှာပဲ တက်ဖြစ်ပြီး ​ကျောင်းပြီးတာနဲ့ ပြည်ပထွက်ဖို့ ပြင်ဆင်​နေတာ...။
သူတို့​တွေလည်း ​ကျောင်းပြီးဖို့ သိပ်မလို​တော့ဘူးပဲ။

"Jungkookနဲ့​ရော အဆင်​ပြေရဲ့လား"

"​ပြေပါတယ်"

​ပြောလိုက်ရ​ပေမယ့် အသံက အားသိပ်မရှိ။ Taeminကလည်း ကိုယ့်ကို ချစ်​ရေးဆိုထားခဲ့ဖူးသူဆို​ပေမယ့် Jiminက​တော့ သူငယ်ချင်းတစ်​ယောက်ထက် မပိုခဲ့​ပေ။ Jungkookနဲ့သူ့ရဲ့ ဆက်ဆံ​ရေးကိုလည်း သိထားသူဖြစ်တာ​ကြောင့် Taeminလည်း ​ရှေ့ဆက်တိုးဖို့ မကြိုးစားခဲ့တာ။

တကယ်ဆို  Taeminက Jiminကို ငယ်ငယ်​လေးတည်းက ချစ်လာခဲ့ရသူ ဖြစ်သည်။ သို့​ပေမယ့်လည်း Jiminစိတ်က သူ့ဆီမှာ ရှိမ​နေခဲ့။ သူငယ်ချင်းထက် မပို​တာကိုလည်း Taemin​ကောင်း​ကောင်း သိသဖြင့် အတင်းအကြပ်လည်း မလုပ်ခဲ့ဘူး။ သူ့အတွက်​ကတော့ Jiminအဆင်​ပြေ​နေတယ်ဆိုရင် လုံ​လောက်ပါပြီ။

ခု​တော့ Jiminကို ကြည့်ရတာ သိပ်အားမရ။ မျက်ဝန်း​တွေထဲမှာ မှိုင်းညှို့​နေတဲ့ အရိပ်​တွေ​တွေ့​နေရတာမို့။ Jiminရယ် မင်းချစ်ရသူနဲ့ သာသာယာယာပဲ ဖြစ်​နေ​စေချင်တယ်။

ပါးစပ်ကသာ ​ပြေပါတယ်လို့ ​ပြော​ပေမယ့် မင်းပုံစံကြည့်ရတာ သိသာ​နေတယ်မဟုတ်လား။ Jungkookက မင်းအ​ပေါ် ​ကောင်းမ​ပေးဘူးလားကွာ...

စိတ်ထဲက ​တွေးလိုက်မိပေမယ့် အပြင်မှာ​တော့ ထုတ်မ​မေးဖြစ်​ပေ။ Jiminလည်း ​ပြောမပြ​ချင်​လောက်ဘူးဆိုတာ သိ​နေတာမို့...

Coffeeဆိုင်မှာ Taeminနဲ့ စကား​ကောင်း​နေတုန်း Jeonနဲ့အတူ ​ကောင်မ​လေးတစ်​ယောက် ဆိုင်​ရှေ့က ဖြတ်သွားတာ မြင်လိုက်ရသည်။ Taeminက​တော့ ဆိုင်အပြင်ဘက်ကို ​​ကျော​ပေးထိုင်​နေသူ ဖြစ်တာမို့ မမြင်​ပေမယ့် ကိုယ်က​တော့ ​သေ​သေချာချာ မြင်လိုက်ရသည်​လေ။

Forget Me NotWhere stories live. Discover now