Unicode
*Jeon..*
နောက်ဆုတ်ဖို့ ခြေလှမ်းပြင်လိုက်ပေမယ့် Jeonက သူ့ဆီကို တစ်လှမ်းခြင်းလှမ်းလာနေခဲ့တယ်။ Jeonခြေလှမ်း တစ်လှမ်း ရှေ့ဆက်လာတိုင်း သူ့ရင်ထဲကအကောင်ကလည်း စည်းချက်မညီမညာနဲ့ ခုန်ပေါက်လို့ နေသည်။
"Ji.."
Jeonနှုတ်ဖျားက ထွက်လာတဲ့ အသံဟာ နာမည်လေးတင် ဖြစ်ပါသော်ငြား သူ့ရင်ကို လှုပ်ခတ်စေပါ၏။ Jeonခေါ်လိုက်သည်နှင့် အိမ်ထဲပြန်ဝင်ရမယ့် ခြေလှမ်းတွေဟာလည်း အလိုလို ရပ်တန့်ပြီးသား ဖြစ်နေခဲ့တယ်။ သူထင်နေတာသာ မမှားဘူးဆိုရင် Jeonခေါ်လိုက်တဲ့ သူ့နာမည်လေးထဲမှာ တိုးဖျဝမ်းနည်းလှိုက်ဖိုမှုတွေ ပါနေမယ် ထင်ပါရဲ့။
ဘာလို့လဲ..။ Jeonဆိုတာ အမြဲ ဝမ်းနည်းနေတတ်သူမျိုးမှ မဟုတ်တာ။ အရာအားလုံးကို ပေါ့ပေါ့တွေးပြီး လွတ်လွတ်လပ်လပ် နေတတ်တဲ့သူ။ သူ့လိုလူမှာ ဘာဝမ်းနည်းစရာများ ရှိနေမှာ မလို့လဲ။
"ကိုယ်..အရာအားလုံးကို သိခဲ့ရပြီ Ji"
"ဟင်.."
ဘာကို သိတာလဲ။ ဘာတွေလဲ။ အရာအားလုံးဆိုတော့...မဖြစ်နိုင်တာ။
တစ်ယောက်တည်း အတွေးပေါင်းများစွာနဲ့ ယောက်ယက်ခတ်နေတုန်း Jeonက ထပ်ပြောလာခဲ့တယ်။"ကိုယ်တောင်းပန်ပါတယ်..ကိုယ်တကယ်တောင်းပန်ပါတယ် Jiရယ်..
တောင်းပန်တယ်ဆိုတဲ့ စကားနဲ့တင် မလုံလောက်မှန်း သိပေမယ့် ကိုယ်တကယ်နောင်တတွေ ရနေပါပြီ..Jiကိုလည်း အားနာလွန်းလို့ ကိုယ်ဘာလုပ်ပေးရမှန်းမသိတော့ဘူး
ကိုယ့်အမှားတွေပါ..အားလုံးဟာ ကိုယ့်အပြစ်တွေချည်းပါ Jiရယ်"
ပြောရင်းနဲ့ ဒူးထောက်ချပြီး ငိုနေတဲ့ Jeonကိုကြည့်ကာ သူ ကျောက်ရုပ်ပမာ ရပ်နေမိသည်။ Jiminရဲ့ ရင်ထဲမှာလည်း ဗလောင်ဆူနေပါပြီ။
Jeonရဲ့မျက်ရည်တွေကို မြင်ရတာ သူ့ရင်ကို အခါခါထိုးနှက်နေသလိုပဲ နာကျင်ရတယ်။Jeonမျက်ရည်တွေဟာ သူ့ရဲ့အားနည်းချက်..။
သူဘယ်လောက်ထိပဲ တောင့်ခံထားပါစေ..Jeonမျက်ရည်တွေကို မြင်ရပြီးနောက်
အရာအားလုံး Jeonသဘောကျ၊ Jeonစိတ်တိုင်းကျပဲ ဖြစ်စေချင်တော့တယ်။
သူ ရူးနေပြီမလား..။ အဲ့လို ထင်ကြတယ်မလား။
YOU ARE READING
Forget Me Not
Fanfictionငါကိုးကွယ်ခဲ့တဲ့ အချစ်က မင်းတစ်ယောက်တည်း Jeon... မင်းတစ်ယောက်တည်းပဲ ♡1.1.2022-8.4.2022♡