Unicode
အရာအားလုံးဟာ ဘယ်အချိန်က စတင်ပြီး မှားယွင်းခဲ့သလဲ။ ဘာတွေ ဘယ်လို ဖြစ်ကုန်ပြီလဲ မသိတော့...။ သိတဲ့အချိန်မှာ နောက်ကျသွားခဲ့ပြီ။ ဒီလိုတွေ ဖြစ်မှာမှန်းသိလို့ ကိုယ့်စိတ်ကို အတတ်နိုင်ဆုံး ချုပ်ထိန်းထားပေမယ့်လို့ အသိလွတ်တဲ့ တစ်ချက်မှာ လုပ်ချင်တာတွေ လုပ်လိုက်မိသွားပြီ။
"Jeon..ငါကလွဲပြီး တခြားသူတွေကို ဂရုမစိုက်လို့မရဘူးလား"
"ဘာလို့လဲ Jiကလည်း ငါမင်းကို ဂရုစိုက်ပါတယ် တခြားသူတွေကို ဘယ်မှာ ဂရုစိုက်နေလို့လဲ"
"မင်း ငါ့ကို အမြဲလိုလိုထားသွားခဲ့တာကရော Jeon... အဲ့တာ ငါ့ကို ဂရုစိုက်တာလား"
"Jiရယ် ကိုယ်က အဲ့လိုမျိုးမဟုတ်ပါဘူး ရုတ်တရက်ထသွားမိတာပါ မင်းကို ဂရုမစိုက်လို့ မဟုတ်ပါဘူး"
"ငါက မင်းချစ်သူဆိုတာရော သတိရသေးရဲ့လား"
"ဘယ်လိုပြောလိုက်တာလဲ Ji "
"အဟက်..ဟုတ်သားပဲ Sorry မှားသွားတယ် ငါကမင်းအတွက် ချစ်သူလို့ ပြောလို့မှ မရတာ..
မင်းခဏတာ အသစ်အဆန်းဖြစ်အောင် တွဲခဲ့တဲ့ Boy Friendတစ်ယောက်ပဲဟာ..""Ji..ကိုယ့်ကို အဲ့လို စကားနာတွေ မထိုးပါနဲ့"
"ငါက အမှန်ကို ပြောပြရုံပါ"
"တော်ပြီ Ji...ကိုယ်စိတ်ရှုပ်မခံနိုင်တာ သိရက်နဲ့...ကိုယ်သွားတော့မယ် မဟုတ်ရင် မင်းနဲ့ကိုယ် ရန်ဖြစ်နေရလိမ့်မယ်"
"Jeon..."
ပြောပြီး ထထွက်ခဲ့လိုက်တာ Jiကို တစ်ချက်တောင် လှည့်မကြည့်ဖြစ်ခဲ့..။ Jiဘယ်လို ကျန်နေခဲ့မလဲဆိုတာလည်း မတွေးချင်...။
အစောကြီးတည်းက စိတ်ရှုပ်ခံ၊ ခေါင်းရှုပ်ခံတတ်တဲ့ လူစားမျိုး မဟုတ်တော့လည်း ခက်တယ်။ အရင်တွဲခဲ့တဲ့ ရည်းစားတွေဆို နားပူလာတာနဲ့ ဖြတ်ချထားခဲ့ပစ်လိုက်ပြီ။
ခုဟာက Jiဖြစ်နေလို့...
Jiကို တခြားသူတွေထက်ပိုတာတော့ အမှန်တကယ်ပါ။ ဒါပေမယ့် အမှန်ကို ဝန်ခံရမယ်ဆိုရင် Jiကို နှစ်နှစ်ကာကာ ချစ်နေမိပြီလားလို့ လာမေးခဲ့ရင် ကိုယ်တိုင်လည်း မသိတဲ့အရာပဲ။
YOU ARE READING
Forget Me Not
Fanfictionငါကိုးကွယ်ခဲ့တဲ့ အချစ်က မင်းတစ်ယောက်တည်း Jeon... မင်းတစ်ယောက်တည်းပဲ ♡1.1.2022-8.4.2022♡