🖤10🖤

2.8K 250 6
                                    

Unicode

ကျယ်ဝန်းလှတဲ့ ခြံထဲမှာ ရှိ​နေတဲ့ အိမ်ဝါဝါ​လေးကို လှမ်း​ငေး​နေမိသည်။ အ​ပေါ်ထပ်​ရော ​အောက်ထပ်ပါ မီးမှတ်ထားပုံ အရ အိမ်သား​တွေ အိပ်သွား​လောက်ပြီဟု ထင်မှတ်မိသည်။

အင်း...တစ်ချိန်က ဒီအိမ်ဝါဝါ​လေးထဲ ကိုယ်လည်း အလည်အပတ် လာခဲ့ဖူးပါသည်။ မစိမ်းသက်လှသည့် အ​ငွေ့အသက်တို့ဖြင့် စိတ်​အေးချမ်းရာများကို Jungkook ​အောက်​မေ့သတိရမိသည်။

Purple centerမှာ ​တွေ့ပြီး​နောက် ညဘက်​ရောက်​တော့ Jiရှိ​နေနိုင်မည့် အိမ်ဝါဝါ​လေးဆီ ထွက်လာခဲ့တာ ဖြစ်သည်။ တစ်ချိန်တုန်းက ဒီအိမ်​လေးထဲမှာပဲ သူတို့ရဲ့ စိတ်​တွေကို နားလည်ခဲ့ဖူးသည်။ Jiနဲ့သူ့ရဲ့ အချစ်ခရီး စတင်ခဲ့ရာ ​နေရာ​လေးဆိုလည်း မမှား​ပေ။

ခုချိန်မှာ​တော့ အပြင်က​နေပဲ လှမ်း​ငေးကြည့်ရုံသာ တတ်နိုင်​တော့သည်။ ပိုင်ရှင်ဖြစ်သူက ကြည်မှ မကြည်ဖြူ​တော့တာ။ ကိုယ့်အပြစ်နဲ့ ကိုယ်မို့ အတင်းအကြပ် သွားလုပ်လို့ကလည်း မရ။ Jiအ​ပေါ်မှာ သူအမှား​တွေ အများကြီး လုပ်ခဲ့မိသည်​လေ။

ညနှစ်နာရီဆိုတဲ့အချိန်ဟာ ပတ်ဝန်းကျင်တစ်ခုလုံးကို ငြိမ်သက်​နေ​စေသည်။ တိတ်တိတ်ဆိတ်ဆိတ်ရှိလှသည့် ပတ်ဝန်းကျင်မှာ ကားရပ်ထားရင်း ငြိမ်သက်​နေသည့် အိမ်ဝါ​လေးကို လှမ်း​ငေးရင်း အတိတ်က အရိပ်တို့ဟာ တဖြည်းဖြည်း ပုံရိပ်ထင်လာခဲ့သည်။

》》》》》》》》

ဒီ​နေ့ Jiminနဲ့ Taehyungတို့ရဲ့ ငယ်သူငယ်ချင်း ဖြစ်သူ Taeminရဲ့ ​မွေး​နေ့မလို့ သွားဖို့ ပြင်ဆင်​နေကြခြင်း ဖြစ်သည်။ ဟိုတစ်​နေ့က Jiminပြန်​ရောက်လို့ လာနှုတ်ရင်း ​မွေး​နေ့ပါ တစ်ခါတည်း ဖိတ်သွားတာ ဖြစ်သည်။ ဆိုးလ်ကပါလာသည့် Jungkookနဲ့ Hoseokကိုပါ ဆက်ဆက်လာဖို့ ဖိတ်သွားတာမို့ ​လေး​ယောက်သား သွားကြမှာ ဖြစ်သည်။

Taehyungက​တော့ မကြည်လင်လှသည့် မျက်နှာ​အ​နေအထားနဲ့ သွားဖို့ပြင်​နေသည်။ Taehyung​ပြောထား​သော စကားတစ်ခွန်း​ကြောင့် Jungkookရဲ့ စိတ်ကလည်း သွားချင်လွန်းပုံ​တော့မရ..။ ဘာတဲ့ Jiminအ​ပေါ်မှာ မရိုးသားဘူးတဲ့..။ နားထဲ ဒီစကားပဲ ထပ်ခါ ထပ်ခါ ကြား​ယောင်လာတာ ဘာလို့မှန်း မသိ။

Forget Me NotWhere stories live. Discover now