🖤18🖤

2.5K 240 15
                                    

Unicode

Jungkookအတင်းအကြပ်​မေးမှ
ထပ်ခါထပ်ခါ ​တောင်းဆိုကာမှ​Taehyungပြောပြလာသည့် Jiအ​ကြောင်း​တွေဟာ သူ့ရင်ကို ထိုးနှက်မှု ပြင်းထန်ခဲ့ပါသည်။ သူ့အတွက် Jiဟာ အဲ့သ​လောက်​တောင် ခံစားခဲ့ရတာလား။

ကျောင်းသားဘဝတုန်းက အချစ်ကို အပျင်း​​ပြေရာ၊ စိတ်​ပျော်ရာလို့ ​ခေါင်းစဥ်တပ်ပြီး လုပ်ချင်သလို လုပ်ခဲ့မိသမျှ​တွေဟာ ခုချိန်မှာ သူ​နောင်တ ​ကောင်း​ကောင်းရမိပါရဲ့...။

သူထွက်သွားတဲ့အချိန်မှာ Jiတစ်​ယောက် အလဲလဲအပြိုပြိုဖြစ်ပြီး ​နေခဲ့ရသည်တဲ့​လေ။
​ဒီလောကကြီး​ကနေ ထွက်သွားဖို့ရာ Jiအကြိမ်ကြိမ် ကြိုးစားခဲ့သည်တဲ့။
Jiခံစား​နေခဲ့ရမယ်ဆိုတာ သိ​ပေမယ့်လို့ အဲ့အ​ခြေ​အ​နေထိ​တော့ သူတကယ်ကို ​တွေးမထားမိခဲ့ဘူး။ အဲ့သည်စကားကို Taehyungနှုတ်က ထွက်ကျလာချိန်တုန်းကဆို သူ့ရင်ထဲမှာ ​ပြောမပြတတ်​​အောင် နာကျင်မိပါသည်။

Jiအ​ခြေအ​နေပြန်​ကောင်းလာဖို့ ၂နှစ်​လောက် အချိန်ယူခဲ့ရသည်တဲ့။ သူ့လိုလူမျိုးအတွက် Ji  ဘာလို့များ ခံစားခဲ့ရတာလဲကွာ။ သူက ဘယ်​လောက်​တောင် အဖိုးတန်​နေတဲ့ လူမလို့လဲ Jiရယ်။
သူ့ကို ထွက်မသွားဖို့ရာ အတန်တန်​တောင်းဆိုခဲ့​ပေမယ့်လို့ Jiရဲ့ ​တောင်းဆိုမှု​တွေကို လျစ်လျူရှူကာ Jiလက်ကို လွှတ်ချထားခဲ့မိတယ်။

အချိန်​တွေ လွန်ကုန်ပြီလားမသိ။ သူ့ကို Jiခွင့်လွှတ်နိုင်ပါ​တော့မလား။ တကယ်ဆို ခွင့်လွှတ်ပါလို့ ​ပြောဖို့​အခွင့်အ​ရေး​ရော ရှိ​သေးရဲ့လားဆိုတာ သူကိုယ်တိုင်လည်း ​အသေအချာမသိ​။
အတိတ်မှာ Ji​​ကြောင့် သူ​ပျော်ခဲ့ရတယ်။
Ji​ကြောင့် ရင်ခုန်ခဲ့ရဖူးတယ်။
Ji​ကြောင့် ကြည်နူးခဲ့ရဖူးတယ်။
ဒီလို အရာ​တွေ အားလုံးကို သူကိုယ်တိုင်ပဲ ဖျက်ဆီးပစ်ခဲ့မိတာ...။

​​နောင်တ ​နောင်မှရဆိုတဲ့စကားဟာ သူ့အတွက်များ ​ပြောထားခဲ့သည်လား ​အောက်​မေ့မိသည်။

Taehyungဆီက ဖြစ်ပျက်ခဲ့သမျှ အ​ကြောင်းအရာ​တွေကို နား​ထောင်ပြီး Jiကို သွား​တွေ့ဖို့​တောင် သူမဝံ့မရဲ ဖြစ်မိပါသည်။
ခုလို ​အ​နေအထားဖြစ်ဖို့ထိ Jiပြန်လည်တည်​ဆောက်ထားရသည်မှာ နည်းနည်း​နှော​နှောမဟုတ်...။

Forget Me NotWhere stories live. Discover now