🖤17🖤

2.5K 243 9
                                    

Unicode

"Ji..မင်းအတွက်"

Jimin​ရှေ့ကို ထိုး​ပေးလာတဲ့ ပါဆယ်ထုပ်​လေး တစ်ထုပ်..
ချစ်ရသူဆီက လက်​ဆောင်ဆို​တော့လည်း ရင်ထဲမှာ ကြည်နူးမိသား...

"ဘာအတွက်လဲ Jeon"

"​ပေးချင်လာလို့..."

သိပ်ကို အဓိပ္ပါယ်​တွေ ပြည့်စုံလွန်း​နေတဲ့ အ​ဖြေတစ်ခုပဲ...​ပေးချင်လာလို့တဲ့​လေ။ ကြည်နူးမိတဲ့ စိတ်​လေး​တောင် ကြက်​ပျောက်ငှက်​ပျောက် ဖြစ်ရတယ်။

Jeonနဲ့ ချစ်သူ​တွေ ဖြစ်ခဲ့ပြီး​​နောက်
ကြည်နူးရလိုက် ဝမ်းနည်းရလိုက်
ရင်ခုန်ရလိုက် နာကျင်ရလိုက်နဲ့
Jeonက သူ့ကို ခံစားချက်​တွေ မျိုးစုံ​ပေးခဲ့တယ်။

Jeonဆိုတာ Jiminချစ်ရတဲ့သူဖြစ်တာမို့ Jeonဘယ်​လောက်ပဲ အမှား​တွေလုပ်ပါ​စေ..ချစ်တဲ့စိတ်နဲ့ ​မေ့ပစ်​ပေးဖို့ ကြိုးစားခဲ့တယ်။

​လော​​လောဆယ်​တော့ သူတို့အ​ခြေအ​နေက ​ကောင်း​နေတယ်ပဲ ဆိုရမှာ​ပေါ့။ Jeon​ပေးလာတဲ့ လက်​ဆောင်ထုတ်​လေးကို ဖွင့်ကြည့်လိုက်တယ်။

ကဗျာစာအုပ်​လေး တစ်အုပ်နဲ့အတူ အဝါ​ရောင် နှင်းဆီ​လေးတစ်ပွင့်...

သူအဝါ​ရောင် ကြိုက်မှန်းသိလို့ အဝါ​ရောင်နှင်းဆီကို ​ရွေးချယ်လာတာ​နေမှာလို့ Jimin​တွေးလိုက်မိသည်။ အချစ်​အ​ကြောင်း​ရေးဖွဲ့ထားတဲ့ ကဗျာစာအုပ်​လေးက​တော့ ဘာအဓိပ္ပါယ်နဲ့ ​ပေးချင်မှန်းမသိ​။

"Ji မင်းက အချစ်ဝတ္ထု​တွေ ​ရေးကြည့်​နေတာမို့ ကဗျာစာအုပ်​လေး ဝယ်လာ​ပေးတာ

အထဲက ကဗျာ​တွေဖတ်ကြည့်ပြီး ဝတ္ထုထဲ ထည့်သုံးရင် သုံးရ​အောင်လို့"

"​ကျေးဇူးပဲ Jeon.."

"အဝါ​ရောင် နှင်းဆီက​​တော့..."

"ငါအဝါကြိုက်လို့ မဟုတ်လား"

Jeonစကား မဆုံး​သေးခင်မှာ Jiminဖြတ်​ပြောလိုက်မိသည်။

"အင်း ဟုတ်တာ​ပေါ့"

တကယ်​တော့ အဝါ​ရောင်နှင်းဆီမှာ အဓိပ္ပါယ်ရှိပါ​သေးသည်။ ပန်း​တွေကို သိပ်​လေ့လာ​လေ့မရှိ​တော့ Jiminက အဝါ​ရောင်နှင်းဆီပန်းရဲ့ အဓိပ္ပါယ်ကို မသိခဲ့တာ...
သူအဝါ​ရောင် ကြိုက်မှန်းသိလို့ နှင်းဆီပန်းကို အဝါ​ရောင် ​ရွေး​ပေးလာတယ်လို့ပဲ ထင်​နေခဲ့မိတာ​။

Forget Me NotWhere stories live. Discover now