🖤7🖤

2.7K 262 2
                                    

Unicode

အ​ဖေ့ကို ​ပြောထားတဲ့အတိုင်း Companyကို သွားဖို့ရာ ပြင်ဆင်ရ​တော့သည်။ နို့မို့ဆို တစ်​ယောက်တည်း လွတ်လွတ်လပ်လပ် ​နေရမယ့် အခွင့်အ​ရေး​လေး ​ပျောက်ကွယ်သွား​ပေအုန်းမည် ဖြစ်သည်။ မဖြစ်ဘူး....တစ်​ယောက်တည်း ​နေရတဲ့ လွတ်လပ်မှုကို ဘာနဲ့မှ မလဲနိုင်​ဘူး။

Jeon Groupက ဟိုတယ်ခရီးသွား လုပ်ငန်းပိုင်းကို အဓိကထား လုပ်​ဆောင်တာ ဖြစ်သည်။ ကိုရီးယားမှာတင်မဟုတ်ဘဲ တခြားနိုင်ငံ​တွေအထိပါ ချဲ့ထွင်ထား​သော​ Mr.Jeonရဲ့ အ​မျှော်အမြင် ကြီးမားမှု​ကြောင့် Jeon Groupက တစထက်တစ ကြီးမားလာတာဖြစ်သည်။

ကိုရီးယားပြည်သူ​တွေ တခြားနိုင်ငံကို အလည်အပတ်ခရီးသွားနိုင်ဖို့ရာ အတွက် ပြည်ပမှာ ရှိတဲ့ Jeon Groupပိုင် Hotel​တွေနဲ့ ချိတ်​ဆက်ပေးထားသည်။ ခရီးသွားဖို့ရာအတွက် Package​လေး​တွေကို အ​သေးစိတ်ကအစ စီစဥ်​ပေးထား​တော့ တခြားနိုင်ငံသွားပြီး ​ယောင်ချာချာ ဖြစ်မှာမျိုးလည်း ပူစရာ မလို​တော့ဘူးဆို​တော့ ခရီးသွားရတာ နှစ်သက်သူ အများအပြားက Jeon Groupနဲ့ Joinကြတာ များသည်။

ဒီလိုပဲ..ပြည်ပနိုင်ငံသား​တွေ ကိုရီးယားကို အလည်အပတ်လာတဲ့အခါမျိုးကျရင်လည်း လှည့်လည်ပြသ​ပေးဖို့ Tour Gide​တွေထား​ပေးထားပြီး Hotelမှာလည်း အဆင့်မြင့် ပြင်ဆင်မှုများဖြင့် Customer​တွေ စိတ်ကြိုက်ဖြစ်​နေ​စေရသည်။

Companyသို့ ရောက်​ရောက်ချင်း သူ့ကို ခရီးထွက်ဖို့ ပြင်ခိုင်းတဲ့ အ​ဖေဖြစ်သူ ဥက္ကဌJeonကို နားမလည်​တော့​ပေ..။
သူ့ကို အရက်ပဲ​သောက် ပျက်စီး​နေတယ်ဆိုပြီး အလုပ်ကို အတင်းလာခိုင်းသည်။
အလုပ်လာတဲ့​နေ့မှာပဲ ဘူဆန်မှာ Hotel​ဆောက်ဖို့အတွက် ​မြေ​နေရာ အ​ခြေ​အ​နေကို သူ့အား သွားကြည့်ခိုင်းသည်။

အ​ဖေကို​တော့ တကယ်လက်ဖျားခါမိသည်။ စီးပွား​ရေးနဲ့ ပတ်သတ်ရင် တကယ် မရဘူး...။ သားဖြစ်သူလည်း မညှာမတာ ခိုင်းရက်သည်။ ဘယ်တတ်နိုင်ပါ့မလဲ...။
သွားဆို​တော့လည်း သွားရ​တော့မှာ​ပေါ့။

ဒါနဲ့ပဲ Companyကို ပြန်ဝင်တဲ့ ပထမဆုံး​နေ့မှာတင် ဘူဆန်သွားရမယ်ဆိုတဲ့ ဖခင်ဖြစ်သူရဲ့ ရာဇသံနဲ့အတူ အိမ်ပြန်လာခဲ့ရတယ်။
မနက်ကျ သွားဖို့ရာအတွက် ခုတည်းက အထုတ်ပြင်ထားလိုက်သည်။ ဒါမှ မနက်ကျ ​အေး​ဆေးဖြစ်​နေမှာ...။

Forget Me NotWhere stories live. Discover now