🖤21🖤

2.4K 238 14
                                    

Unicode

"Jeon...တကယ်​ပြော​နေတာလား"

"အင်း.."

"ဘာလို့လဲ.."

တစ်ချိန် ဒီလို​တွေဖြစ်လာမယ်ဆိုတာ သူအတပ်သိပြီးသားပါ။ ဒါ​ပေမယ့် Jeonနှုတ်ကထွက်လာမယ့် စကားကို ကြားချင်​​နေသေးသည်။ ရင်နာနာနဲ့ ​ပြောရမယ်ဆိုရင် သူ့ကိုအလိုမရှိ​တော့​ကြောင်း၊ သူ့ကို စိတ်ပျက်​နေပြီ ဖြစ်​ကြောင်း​တွေကို Jeonဆီက ​ပြောလာမှာ ကြားချင်​​နေမိသေးသည်။
အဲဒါမှ သူ Jeon ကို လက်လွှတ်နိုင်မယ် ထင်လို့ပါ။

"Ji...ငါမွန်းကြပ်​နေပြီ
မင်းရဲ့က​လေးဆန်တဲ့အပြုအမူ​တွေနဲ့ မင်းအတ္တ​တွေကြားမှာ ငါမွန်းကြပ်​​နေပြီ"

အဲ့ဒါ​ကြောင့် ငါ့ကို ထားခဲ့​တော့မယ်​ပေါ့။
ငါသိထားပြီးသားပါ Jeonရယ်...
တစ်​နေ့ မင်းငါ့ကို ထားသွားမယ်ဆိုတာ ။

"အမြဲလိုလို လိုက်သဝန်တို​နေတာလည်း ငါ့အတွက် အဆင်မ​ပြေဘူး Ji"

သဝန်တိုတာရဲ့ ​နောက်ကွယ်က မင်းကို ချစ်လွန်းလို့ဆိုတဲ့ အ​ကြောင်းအရင်းကို​တော့ မင်း မြင်​အောင်မကြည့်ဘူးမို့လား Jeon ။

"ငါတို့ လမ်းခွဲရ​အောင်"

ဟင့်အင် မင်းကို လက်မလွှတ်ချင်​သေးဘူး Jeon။
ဒါ​ပေမယ့် မိန်းက​လေး​တွေလိုမျိုး ငါ့ကိုထားမသွားပါနဲ့ဆိုပြီး မျက်ရည်​တွေနဲ့ ဆွဲထားဖို့လည်း စိတ်ကူးမရှိဘူး။
သိပ်ချစ်ခဲ့လို့ ငါအတ္တကြီးသလိုတွေ ဖြစ်ခဲ့ရတယ်ဆိုတာ သိ​ပေမယ့် ငါအတတ်နိုင်ဆုံး မင်းကိုမချုပ်ချယ်မိဖို့ အမြဲကြိုးစား​နေခဲ့တာပါ။
အဲ့လိုကြိုးစားခဲ့လည်း အဆုံးသတ် ရလာဒ်က​တော့ လမ်းခွဲခြင်းဆိုတဲ့ ဘူတာပဲဆိုက်တာပေါ့။

တစ်ချိန်မှာ မင်းကို လက်လွှတ်​ပေးရမယ်ဆိုတာက ငါ ကြို​မျှော်လင့်ထားပြီးသားအရာပါ။
ဒါ​ပေမယ့် လက်​တွေ့ကြုံလာ​တော့ ထင်သ​လောက် မလွယ်ကူဘူးပဲ။
ခု​တော့ မင်းကို လက်လွှတ်​ပေးရမယ့်အချိန်ကို ​ရောက်လာပြီ​။
ငါမ​ရောက်ချင်ဆုံးအချိန်ကို​လေ.....
ကြုံလာရမယ်ဆိုတာ နားလည်ထား​ပေမယ့်လို့ တစ်ဖက်မှာလည်း ခုလိုချိန်ကို ရောက်မလာပါ​စေနဲ့လို့ တိုးတိုးတိတ်တိတ် ဆု​တောင်းခဲ့ရတဲ့ ​တောင်းဆု​တွေကလည်း မပြည့်ခဲ့ဘူးပဲ။

Forget Me NotWhere stories live. Discover now