🖤8🖤

2.7K 254 4
                                    

Unicode

အတိတ်တုန်းက မူး​နေသူ နှင်းဖြူ​လုံး​လေးအား ခွင့်​တောင်းခြင်းမပြုပါဘဲ သိမ်းပိုက်ရယူခဲ့မိတဲ့ နှုတ်ခမ်းထူထူ​လေးဟာ အရမ်းကို ချိုမြိန်လှခဲ့ဖူးပါသည်။

Jeon မသိခဲ့​​လေတဲ့ အချက်တစ်ချက် ရှိခဲ့သည်။ ဒါက​တော့ တခြားမဟုတ်​..။
နှင်းဖြူလုံး​လေးကို မူးပြီးအိပ်​ပျော်​နေတယ်ပဲ Jeonထင်​နေခဲ့​ပေမယ့် အမှန်က မဟုတ်ခဲ့ဘူး...။ နှင်းဖြူ​လေးဟာ အိပ်ချင်​ယောင် ​ဆောင်​နေခဲ့ရုံသာ ဖြစ်သည်။

အဲ့​နေ့ညက ပိုင်ရှင်မသိ​အောင် သိမ်းပိုက်ခဲ့မိတဲ့ အနမ်းသူခိုး​လေး Jeonဟာလည်း ရင်ခုန်စိတ်လှုပ်ရှားမှု​တွေ အပြည့် ရှိ​နေခဲ့သလို...
အနမ်းခံလိုက်ရတဲ့ Jiရဲ့ ရင်ထဲမှာလည်း ကြည်နူး​ပျော်ရွှင်မှု​တွေ အပြည့် ရှိ​နေခဲ့ပါသည်။ ဘာလို့ဆို Jeonဟာ Jiချစ်​နေရတဲ့သူ မဟုတ်ပါလား.....။

အတိတ်တို့ကို မ​တွေးမိ​အောင် အိပ်လိုက်မိမှပဲ အတိတ်က အ​ကြောင်းအရာတို့ဟာ အိပ်မက်ထဲကို အလုံးလိုက်အရင်းလိုက် ဝင်​​ရောက်လာ​တော့သည်။

Alarm​ပေးထားမိလို့သာ ​တော်​ပေ​တော့သည်။ နို့မို့ဆို အိပ်မက်​ရေယာဥ်ထဲ နစ်​မြောပါသွားရင်းနဲ့  ဘူဆန်သွားဖို့အတွက် အချိန်မှီ နိုးထလာနိုင်မှာ မဟုတ်။

တတီတီမြည်​နေ​သော အိပ်ယာ​ဘေးက Alarmကိုပိတ်ကာ အိပ်မက်ကို နှ​မြောစွာနဲ့ပဲ နှုတ်ဆက်လိုက်ရသည်။ ဘူဆန်သို့ သွားဖို့ရာအတွက် ​ရေမိုးချိုး ပြင်ဆင်ပြီး​နောက် မနက်စာစားဖို့ ထွက်လာခဲ့လိုက်သည်။ ​​အေး​​​အေး​ဆေးဆေးစားဖို့ အချိန်ရပါ​သေးသည်။

မနက်စာအတွက် သူအကြိုက်ဆုံးဖြစ်တဲ့ ​ခါးသက်လှစွာ​သော အရသာကို​ပေးစွမ်းနိုင်သည့် Black Coffeeတစ်ခွက်က မပါမဖြစ်။ ထို့​နောက်တွင်​တော့ Hamburgerတစ်လုံးကို ​​သေချာလှီးဖြတ်ပြီး စားလိုက်သည်။ ဒီ2မျိုးဟာ သူ့မနက်စာအတွက်​တော့ လုံးဝ Perfectပဲ။

​ကော်ဖီခါးခါးကို အရသာခံပြီး ​သောက်နေရင်းမှ ​ကော်ဖီဆို အခါးလုံးဝမ​သောက်တတ်သည့် လူတစ်ဦးကို သတိရမိသွားသည်။ Jiဟာ ​ကော်ဖီဆိုရင် ချိူမြ​​နေပြီး Creamအပြည့်ပါသည့် ​ကော်ဖီမျိုးကိုပဲ ​​သောက်တတ်သည်။
သူနဲ့ အမြဲလိုလို ဆန့်ကျင်ဘက် ဖြစ်​နေတတ်သည့် နှင်းဖြူလုံး​လေး Jiဟာ သူ့ကိုဆို အမြဲချုပ်ချယ်တတ်လွန်းခဲ့ပါသည်။

Forget Me NotTempat cerita menjadi hidup. Temukan sekarang