🖤22🖤

2.5K 237 10
                                    

Unicode

Jejuကျွန်းသို့ ​ရောက်ရှိသည်နှင့် တစ်ပြိုင်နက် တည်းခိုရမယ့် ဟိုတယ်မှာ အထုပ်ထားပြီး လည်ပတ်ဖို့ရန် ထွက်လာခဲ့ကြသည်။ ဆိုးလ်မြို့နှင့်ကွာခြားစွာပဲ လတ်ဆတ်တဲ့​လေကို တဝကြီးရှူရှိုက်လိုက်ရသဖြင့် စိတ်ကြည်လင် လန်းဆန်းသွားခဲ့သည်။

"Hyung...ည​နေကျ ​ရေထဲဆင်းကြမလား"

က​လေးဆန်ဆန် ​ရေထဲဆင်းဖို့ ​မေးလိုက်​သော ​မေးခွန်းကို ​ရေခဲတုံးကြီးကလည်း ပြုံး၍ ပြန်​ဖြေလာခဲ့သည်။

"Jiminဆင်းချင်ရင် ဆင်းကြမယ်"

ဒီလိုမျိုး Hyungဆီက အလိုလိုက်မှု​လေး​တွေကိုလည်း ရရှိပါ​သေးသည်။

"အားးးး လန်းဆန်းသွားတာပဲ "

​လေကို တဝကြီးရှူပြီး လက်နှစ်ဖက်ကိုဆန့်ကာ လန်းဆန်းသွားတဲ့ ပုံစံလုပ်​နေတာကို Yoongiတစ်​ယောက်က​တော့ ပြုံးပြုံးကြီး ကြည့်​နေ​လေသည်။

"ကျွန်​တော် Jejuကို မ​ရောက်ဖြစ်ဘူးဗျ
Hyung​ကျေးဇူးနဲ့မှပဲ ​ရောက်​တော့တယ် ဟီး.."

ရယ်​မော​ပျော်ရွှင်စွာ ​ပြောပြ​နေ​သောJiminရဲ့ ပုံစံသည် ကိုယ်လုပ်ချင်သည့်အရာကို လုပ်လိုက်နိုင်သည့် က​လေးတစ်​ယောက်ပုံစံနှယ် ချစ်စရာ​ကောင်းလွန်းလှသည်။

အဝါ​ရောင်ကို မြတ်နိုးလှသည့် Jiminသည် ခုလည်း အဝါ​ရောင် ရှပ်လက်တိုနှင့် အဖြူ​ရောင် ဂျင်းဘောင်းဘီ​အတိုလေးကို တွဲဖက်ဝတ်ဆင်ထားသည်မှာ ဆယ်​ကျော်သက်​လေးအလား ထင်ရ​လောက်​အောင် နုနယ်လွန်း​ပေသည်။

​ဘေးက Yoongi Hyungကလည်း ဝတ်ဆင်ထားသည့် အပွင့်အခက်ပါ​သော လိ​မ္မော်ရင့်ရင့် လက်တိုအင်္ကျီ​လေးရယ် အနက်​ရောင် ​ဘောင်းဘီတို​လေးရယ်က ဖြူ​ဖွေးလှသည့် အသား​အ​ရေနဲ့ ပနံသင့်စွာ ရှိလှသည်။

နှစ်​ယောက်လုံးကိုကြည့်လိုက်ရင် Jejuကို Relaxလုပ်ဖို့ သပ်သပ်လာ​ရောက်မှန်း တန်းသိသာ​နေသည်မှာ သူတို့ရဲ့ ပုံစံ​တွေ​ကြောင့်ဆိုတာ ​မြေကြီးလက်ခပ်မလွဲ​ပေ။

ည​နေအချိန်ကျ​ရောက်လာ​တော့ ​ရေကစားဖို့ရန်အတွက် Jiminတို့ အသင့်ဖြစ်​နေခဲ့သည်။ Jiminရဲ့အလိုကို လိုက်ဖို့ရန်အတွက် Yoongiကလည်း Readyဖြစ်​နေပြီ ဖြစ်သည်။

Forget Me NotWhere stories live. Discover now