🖤20🖤

2.7K 228 21
                                    

Unicode

"Hyung..ဒီမှာ"

​Yoongi Hyung သူ့ကိုမြင်​စေရန် လက်​ကို ဝှေ့ရမ်းပြရင်း ​ခေါ်လိုက်မိသည်။

"Jimin....ကိုယ့်ကို လာကြိုတယ်​ပေါ့"

"ဆရာသမားကို လာကြိုရတာ​ပေါ့ဗျ
Hyungဘယ်သွားမှာလဲ ကျွန်​တော်လိုက်ပို့မယ်"

"Hotelမှာပဲ ​နေမယ် ခဏပဲဆို​တော့ ပြီးရင် တစ်​နေရာထပ်သွားဖို့ ရှိ​သေးလို့"

"ဟုတ် အာ့ဆို Hotelပဲတန်း​မောင်းလိုက်မယ်"

"အင်း"

​လေဆိပ်က ထွက်လာတာနဲ့ Yoongi Hyungအနားယူဖို့ရာအတွက် Hotelသို့ပဲ ​မောင်းနှင်လိုက်သည်။ ကား​မောင်းရင်းနဲ့ပဲ Hyungနဲ့ စကား​တွေ​ပြောရတာ သူ့မှာမ​မောနိုင်မပန်းနိုင်​ပေ။

မ​တွေ့ရတာ အ​တော်ကြာ​နေပြီ မဟုတ်လား။ ခုလို သူ​အောင်​အောင်မြင်မြင်နဲ့ လမ်းတစ်ခု​ပေါ် ​လျှောက်လှမ်းနိုင်ခဲ့တာ Hyung​ကျေးဇူး​တွေ အများကြီးပါတယ်။

Jiminက ကျန်တဲ့သူ​တွေနဲ့သာ စကားသိပ်မ​ပြောဘဲ ​အေး​အေး​နေချင်​နေမယ်။ Hyungနဲ့ဆိုရင်​တော့ ​ပျော်မြူး​နေတဲ့ က​လေးတစ်​ယောက်လိုပဲ စကား​တွေ ​ဖောင်ဖွဲ့​အောင် ​ပြော​နေတတ်သည်။ Hyungကလည်း သူ​ပြောသမျှကို ပြုံးပြီး မငြီးမငြူနား​ထောင်​ပေးတတ်သည်။

"Hyungကလည်း ထွက်သွားတည်းက တစ်​ခေါက်​လေး​တောင် ပြန်မလာဘူး"

"ပြန်မလာ​ပေမယ့် ကိုယ်က မင်းအ​ကြောင်း​တွေ အကုန်သိပါတယ်
ဆိုင်ခွဲ​တွေ​တောင် အများကြီး ဖွင့်နိုင်​နေပြီဆို
ကိုယ်ရဲ့ Jimin​လေးက သိပ်​တော်တာပဲ"

Hyungဆီက ချီးကျူးစကား ကြားရတာနဲ့ Jiminတို့​တော့ ပါးစပ်ကို မစိနိုင်​​တော့​ပေ။ ပြုံးရယ်​နေလိုက်တာ ပါးစပ်က နားရွက်တက်ချိတ်​မှာ​တောင် စိုးရတယ်။ Min Yoongiလို လူမျိုးဆီက ချီးကျူးစကားဆိုတာ ကြားရခဲတယ်မဟုတ်လား။

"Hyungရဲ့ တပည့်ပဲ​လေ ​တော်ရမှာ​ပေါ့ ဟိ"

"ကိုယ် တခြားကိုလည်း ခရီးသွားဖို့ရှိ​သေးတယ်...
အလုပ်ကိစ္စ​တော့ မဟုတ်ဘူးရယ် ဒီတိုင်းrelaxပုံစံမျိုးဆို​တော့ Jimin​ရော ကိုယ်နဲ့လိုက်ချင်လား"

Forget Me NotWhere stories live. Discover now