Unicode
Jeonထွက်သွားလိုက်ပြီလား၊ ရပ်ကျန်နေတုန်းပဲလား သူမသိ။ Jeonကို ကျောခိုင်းကာ လှည့်ထွက်ခဲ့ပြီးနောက် သူနေရာ အခန်းလေးဆီရောက်အောင်ထိ အားတင်း တက်လာခဲ့ရတာ သူကိုယ်တိုင်သာ သိသည်။
အခန်းထဲရောက်တာနဲ့ အရုပ်ကြိုးပြတ် ထိုင်ချလိုက်မိတယ်။ တဆစ်ဆစ်နဲ့ ဖြစ်ပေါ်နေတဲ့ ဘယ်ဘက် ရင်ဘက်လေးကို ဖိကာ
Jiminလည်း မဖိတ်ခေါ်ပါဘဲနဲ့ မျက်ရည်ကြည်တို့က ရောက်ရှိလာခဲ့တယ်။Jeon မင်းဘာဖြစ်ချင်နေတာလဲ။ ငါ့ကို လွတ်မြောက်ခွင့် ပေးလိုက်ပါတော့။ မင်းကိုလည်း ချုပ်နှောင်မထားတော့သလို ငါ့ကိုလည်း လွတ်လပ်စွာ နေခွင့်ပေးပါတော့...
Jeonဘယ်လိုမျိုး ကျန်နေခဲ့ရလဲ သူမတွေးချင်။ နာကျင်နေရတာပဲ သိသည်။ Jeonရဲ့ စကားတွေ ဘယ်ကို ဦးတည်ချင်တာလဲ သူကောင်းကောင်း သိပါတယ်။ ဒါပေမယ့် ငါကြောက်တယ် Jeon။ ငါကြောက်တယ်...
မင်းဆီက ထပ်ပြီး အထားခံခဲ့ရမှာ ငါကြောက်တယ်။ အရင်တစ်ချိန်က မိုးသည်းတဲ့နေ့တစ်နေ့မှာ မင်းရဲ့ ချန်ထားခြင်းကို ခံခဲ့ရတဲ့ငါက ခုချိန်ထိ မိုးရွာတိုင်း နာကျင်နေရတုန်းပဲ။
အရင်တုန်း မိုးရွာတာကို အရမ်းကြိုက်ခဲ့တဲ့ ငါက ခုဆို မိုးကို သေလောက်အောင် မုန်းနေမိပြီ...။ မိုးက ငါ့အတွက် နာကျင်မှုတွေ ယူဆောင်လာလို့...
ကျန်ခဲ့တဲ့ အတိတ်တွေက မလှမပဖြစ်ခဲ့တာမို့ ရှေ့ဆက်ရမယ့် လမ်းကို လှလှပပမဖြစ်ရင်တောင် အဆင်ပြေပြေလေးပဲ ဖြစ်ချင်တော့တယ် Jeon ။ ငါ့ကို နားလည်ပေးပါ။
ငါ့အနားကို ပြန်မလာပါနဲ့တော့။°•°•°•°•°•°•°•°•°•°
အပေါ်ထပ်ကို တက်သွားစဥ် တစ်ချက်လေးတောင် ပြန်လှည့်မကြည့်တော့သည်ထိ သူ့အပေါ်မှာ Jiရဲ့ စိတ်တွေ ပြတ်သားနိုင်နေပြီလား။
အရင်က သူ့အနားမှာရှိရင် ရှက်သည်းပိုနေတတ်တဲ့ Jiက ခုတော့ နာကျည်းရိပ်တို့ပြည့်နေသည့် မျက်လုံးစူးစူးဖြင့် သူ့ကို ကြည့်နိုင်နေပြီပေါ့။
YOU ARE READING
Forget Me Not
Fanfictionငါကိုးကွယ်ခဲ့တဲ့ အချစ်က မင်းတစ်ယောက်တည်း Jeon... မင်းတစ်ယောက်တည်းပဲ ♡1.1.2022-8.4.2022♡