🖤25🖤

2.7K 238 24
                                    

Unicode

မနက်ခင်း ​နေခြည်ဖျဖျဟာ အခန်းတွင်းသို့ ချဥ်းနင်းဝင်​ရောက်လာခဲ့သည်။ Jungkookအတွက်​တော့ နိုးထခဲ့ရတဲ့ မနက်ခင်းများစွာထဲမှ ဒီမနက်ခင်းဟာ အ​တော်​လေးကို ပြီးပြည့်စုံပြီး ​ကျေနပ်နှစ်လိုဖွယ် ​ကောင်းလွန်းလှသည်။
ထိုသို့ဖြစ်ရခြင်းဟာလည်း ရင်ခွင်ထဲက အလှတရား​လေး​ကြောင့်ဆိုရင် အမှန်ဆုံး​သော စကားဖြစ်​ပေလိမ့်မည်။

​သူ့ရဲ့ မနက်ခင်းတိုင်းကို ဒီလိုသာ ​နေ့တိုင်း​ နိုးထခွင့်ရမယ်ဆိုရင် ​နေ့ရက်တိုင်းဟာ ​ပျော်ရွှင်မှုအပြည့်၊ အင်အားအပြည့်ဖြင့် ဖြတ်သန်းနိုင်မှာ ​သေချာပါသည်။
ရင်ခွင်ထဲက အ​ကောင်​ပေါက်​သေး​သေး​လေးရဲ့ အလှတရား​တွေကို တစိမ့်စိမ့်ကြည့်ရင်း ရင်ထဲမှာ ကြည်နူးမှုလှိုင်း​လေး​တွေဟာ အတိုင်းအဆမရှိ ဖြတ်သန်းသွားရသည်။

ညက အ​တော်​လေး ပင်ပန်းသွားခဲ့ရတဲ့ ချစ်ရ​သော နှင်းဖြူလုံး​လေးက​တော့ ခုထိ အိပ်မက်ကမ္ဘာထဲမှာ ​ပျော်​မွေ့​နေတုန်းထင်ပါရဲ့။
ဒီလူသား​လေးကို ညက အပိုင်ရနိုင်ခဲ့တာဟာ
သူ့အတွက်ဆုလာဘ်တစ်ပါးပါပဲ။
ကမ္ဘာ​ပေါ်မှာ ကံအ​ကောင်းဆုံးလူသား Jeon Jungkook​ပေါ့။

ဒီတစ်ခါ​တော့ ကိုယ့်ရဲ့အချစ်​​တွေအတွက် စိတ်ချထားလိုက်ပါ Ji...

*...ချစ်တယ်...*

မနိုး​သေး​သော လူသား​လေးအား Morning Kissအ​နေနဲ့ နဖူး​လေးကို ဖွဖွအနမ်း​ပေးလိုက်သည်။ ထိုမှတဆင့် ပါးအိအိ​လေးကို ​မွှေး​ကြူချင်စိတ်ထပ်တိုးလာ၍
ပါးအိအိ​လေးနှစ်ဖက်ကိုလည်း မြတ်နိုးခြင်းအနမ်းများ ​ပေးအပ်လိုက်သည်။
ဒီ​နောက် ထပ်​ဆောင်း၍ အပိုအနမ်း​လေးအဖြစ် ရဲကြွ​နေ​သော နှုတ်ခမ်း​လေးဆီသို့
အခစားဝင်လိုက်​တော့သည်။

နိုးမသွား​စေရန် ဖွဖွ​လေးနမ်းလိုက်မည်ကြံ​သော်ငြား Jiရဲ့ ဂျယ်လီအိအိနှုတ်ခမ်း​လေးကိုထိပြီးရင် တခဏ​လေးနဲ့ လွှတ်မ​ပေးနိုင်တာဟာ ဘယ်လိုတပ်မက်မှုမျိုးပါလိမ့်။
နှင်းဖြူ​လုံးလေး အနည်းငယ်လှုပ်ရှားလာမှပဲ စိတ်ကို ထိန်းကာ နှုတ်ခမ်း​​လေးအား လွတ်​မြှောက်ခွင့် ​ပေးလိုက်ရသည်။

Forget Me NotWhere stories live. Discover now