🖤24🖤

2.8K 243 14
                                    

Unicode

"Jeon..."

အထိတ်တလန့်ဖြင့် Ji​ခေါ်လိုက်သည့်အသံမှာ တုန်ရီမှု​လေး အနည်းငယ် ပါဝင်လျှက်...

သူဘာလုပ်​တော့မယ်ဆိုတာကို ရိပ်မိသွားသည့်အလား Jiရဲ့မျက်ဝန်း​တွေထဲမှာ ထိတ်လန့်မှု​လေးတချို့ကို Jungkook​တွေ့လိုက်ရသည်။

Sorryပါ Jiရယ်..။ ကိုယ် မင်းကို အဆုံးရှုံးမခံနိုင်လို့ပါ။ ပြီးမှ မင်း​ပေးတဲ့အပြစ်ဒဏ်ကို ​ကျေ​ကျေနပ်နပ် ခံယူပါ့မယ်။

"Ji..."

ဒီလို ရွန်းရွန်းစားစားအကြည့်​တွေ
ဒီလို ရီ​ဝေ​ဝေအကြည့်​တွေဟာ...
ဘယ်အရာကို ဦးတည်သွားချင်​နေတာလဲဆိုတာ Jimin​ကောင်း​ကောင်း သ​ဘော​ပေါက်လိုက်သည်။ ဟင့်အင်...သူခွင့်မပြုချင်ဘူး​နော်။ ​ကျေးဇူးပြုပြီး Jeon... မင်းအတင်းမလုပ်လိုက်ပါနဲ့...။

"ဟင့်အင်..Jeon မင်းပြန်​လိုက်နော်"

"Ji..ကိုယ်..."

"ဟင့်အင် မကြားချင်ဘူး ဘာမှမ​ပြောပါနဲ့
မင်းပြန်လိုက်တာ​ကောင်းမယ်"

ဆက်မ​ပြော​စေရန်အတွက် တားဆီးကာ ပိတ်ပင်​ပြောလိုက်​​သော်လည်း အရာမထင်ခဲ့..
Jeonက သူ​ပြောချင်တာ​တွေကို ဆက်၍ဆိုလာခဲ့သည်။

"Jiရယ်...ကိုယ့်ကို ​နောက်ဆုံးအ​နေနဲ့ ယုံကြည်​ပေးပါ..
ဘာလို့​နောက်ဆုံးလို့ ​ပြောတာလဲဆို​တော့
​နောက်ထပ်ဘယ်​တော့မှ Jiစိတ်ပျက်​စေမှာမျိုး Jiနာကျင်ရမှာမျိုး ကိုယ်တကယ်မလုပ်​တော့ဘူး"

"ဟင့်အင်..မ​ပြောနဲ့​တော့"

သူတားဆီးလိုက်​သော်ငြား Jeonက​တော့ ဆက်​ပြောလာခဲ့သည်။

"အရင်က ကိုယ်အရမ်း​ပေါ့ပျက်ပျက်နိုင်ခဲ့တာ ကိုယ်သိတယ်
ကိုယ် Jiအ​ပေါ်မှာ အရမ်းအမှား​တွေလုပ်ခဲ့တာ ကိုယ်သိပါတယ်

ဒါ​ပေမယ့် ခု ကိုယ့်အချစ်ကို Jiယုံကြည်လို့ရပါတယ်
​ကိုယ် Jiကို အဆုံးရှုံးမခံနိုင်ဘူး..."

"......"

"ကိုယ် မင်းကိုချစ်တယ် Ji...
ချစ်တယ်"

"ငါ​ကြောက်တယ်..Jeon"

သူ​ပြောတာကို လက်မခံဘဲ တကယ်ကို ထိတ်လန့်​နေတဲ့ Jiဟာ ​ခေါင်းကိုပဲ တွင်တွင်ရမ်းကာ သူ့မျက်ဝန်း​တွေနဲ့ အကြည့်ချင်းမဆုံ​ပေ။

Forget Me NotWhere stories live. Discover now