အခန်း(၄)

6.8K 323 3
                                    

*ထိုဇာတ်လမ်းတွင်ပါဝင်သောအကြောင်း
အရာများမည်သည့်တစ်ဦးတစ်ယောက်ဆီကမှကူးယူခြင်းမရှိပါ။စာရေးသူအနေနဲ့စိတ်ကူး
ယဥ်သက်သက်သာပုံဖော်ထားခြင်းဖြစ်သည်။*

[၄]

သူ့ထက်သာ တစ်ယောက်အိမ်ကိုအမြန်ပြန်လာတယ် အမေ့ကိုလိုက်ရှာတော့မီးဖိုခန်းထဲမှာတွေ့သည်။

"အော် သားတောင်ပြန်လာပြီစကားကောင်းကောင်းပြောခဲ့တယ်မှတ်လား "

"ဟုတ်ကဲ့ အမေ "

"သားမနက်ဖြန်သားမမစေ့စပ်ပွဲရှိတာသိတယ်မလား အဲ့တာသားဝတ်ဖို့အမေမြို့တက်တုန်းက ပုဆိုးနဲ့အကျီင်ဝယ်လာတယ်သားနဲ့တော်မှာပါ သားအခန်းထဲက အိမ်ရာပေါ်မှာတင်ထားတယ်သွားဝတ်ကြည့် မတော်ရင်လည်းညနေကြ အမေနဲ့အသစ်သွားဝယ်မယ်"

"ဟို.... သားမဝတ်ချင်ဘူး ပြီးတော့အခုတောင်ဖျားချင်သလိုဖြစ်နေလို့ တုပ်ကွေးဖြစ်နေတာလားမသိဘူး ချမ်းလိုက်တာ.."

"နွေရာသီကြီးမှာဘယ်ကတုပ်ကွေတုန်းဟဲ့"

"နွေရာသီလည်း တုပ်ကွေးဖြစ်တယ် အမေရဲ့ အဲ့မနက်ဖြန်သူများတွေကူးမှာစိုးလို့
သားအခန်းထဲမှာဘဲနေတော့မယ် အမေတို့လည်းသားအခန်းထဲမလာနဲ့နော် ကူးသွားမှာဆိုးလို့..သားကလူငယ်ဆိုတော့အနည်းဆုံးတစ်ပတ်လောက်နဲ့ကောင်းတယ် လူကြီးတွေဆိုရင်အသက်တောင်ပါနိုင်တယ်"

သူ့ထက်သာရဲ့ပေါက်ပန်းလေးဆယ်စကားကိုအမေကလူကြီးပီပီမသိနားလည်တော့ယုံသွားပုံရသည်။

"အေးပါသားရယ် အခုအမေသမားတော်ဆီကဆေးသွားဝယ်ပေးမယ်လေ"

"ရတယ် ရတယ်အမေမှာဆေးရှိပါတယ် အဲ့ဆေးသောက်ရင်ပျောက်သွားလိမ့်မယ် အခုတော့သားသွားနားလိုက်ဉီးမယ်နော် "

"အေးအေး ဒါဆိုအမေဆန်ပြုတ် ပြုတ်ပေးမယ်နော်သား"

"ဟုတ်ကဲ့ "

အမေကိုတော့လိမ်လိုက်မိပြီမမကိုကူညီတာသိရင်တော့ငါသေပြီ မလုပ်ရင်ကောင်းမလား
အာ..မဖြစ်ဘူးမမကသနားဖို့ကောင်းတယ်ကူညီရမယ်...မမအခန်းထဲကိုဘယ်လိုဝင်ရမလဲ သောရှာရမယ်ဟုတ်တယ် မီးဖိုခန်းထဲကအမေကိုသွားကြည့်တော့ကိုယ့်အတွက်ဆန်ပြုတ် ပြုတ်ပေးနေသည်။အချိန်ကောင်းဘဲ အဘလည်းမရှိဘူးသော့အမြန်ရှာမှာ ဟိုကြည့်ဒီကြည့်နေစဉ်ဘုရားစဉ်ပေါ်မှာတင်ထားသောသော့ အမြန်ယူကာမမအခန်းရှေ့သွားကာသော့ဖွင့်လိုက်တယ်

သူကြီးကတော် မြို့ကြီးသားWhere stories live. Discover now