အခန်း(၃၄)

5.2K 181 7
                                    


အချိန်တွေတဖြည်းဖြည်းကုန်လာတာနဲ့အတူ
လင်းညို့နှင့်သူ့ထက်သာတို့အိမ်ထောင်သက်တစ်နှစ်ပင်ပြည့်ခဲ့သည်။ တစ်နှစ်လုံးနီးပါးသူ့ထက်သာဆိုးမျှတွေအကုန်လုံးတော်တော်ခံခဲ့ရသည်။ အခုတလောစကားနားထောင်နေသည်။ တစ်ခါရန်ဖြစ်တိုင်း
ကွာမယ် ကွဲမယ်မဲ့စကားကိုအမြဲဆိုသည်။ ထိုသို့ဆိုလာတိုင်းလင်းညို့သူ့ထက်သာအားခပ်နာနာပင်ရိုက်ပစ်သည်။ ဒီနေ့ကသူ့တို့နှစ်ယောက်ရဲ့တစ်နှစ်ပြည့်
အိမ်ထောင်သက်တမ်းမို့ အိမ်ရှေ့မှာထမင်းကျွေး
အလှူလုပ်ကြသည်။ အခုအကျွေးအမွေးတောင်မစသေးကူညီပေးတဲ့လူတွေနဲ့ ကြိတ်ကြိတ်တိုး လင်းညို့တို့ရွာကအလှူပွဲတွေအနည်းငယ်ရှားသဖြင့်ဒါမျိုးတွေဆို လူအတော်စည်သည်။

"ကိုကိုကြီး... ကျွန်တော်ဒီနေ့ဘာဝတ်ရမလဲ"

အခန်းထဲကနေကပြာကယာထွက်လာပြီး လက်ထဲတွင်လည်းအသစ်ချွတ်ချွတ် ပုဆိုးနဲ့အကျီင်တွေကိုမနိုင်မနင်းယူလာကာ သတင်းစာဖတ်နေသောလင်းညို့
အနားအားလာကာနားပူနာဆာလုပ်နေသည်။
သတင်းစာတစ်ချက်ချကာ လင်းညို့မျက်အားချွတ်#ှှလျက်သူ့ထက်သာအားကြည့်သည်။

"ဘယ်သွားစရာရှိလို့လည်းကလေးလေး "

"မျက်မှန်ပြန်တတ်လိုက်စမ်းပါဗျာ...ကျွန်တော့်ကို
ကြည့်ပေးဦး"

"မေးတာအရင်ဖြေ..ဘယ်သွားစရာရှိတာလဲ"

"ဘယ်သွားရမှာတုန်း ညနေထမင်းကျွေးရင်ကျွန်တော်ကကြည့်ကောင်းချင်တယ်လေ "

"တယ့်....ဘယ်ကြည့်ကောင်းစရာလိုလို့လည်း အိမ်ရှေ့တင်ကိုမလိုဘူး ပုံမှန်ပဲဝတ်"

ထိုင်နေသောလင်းညို့နားအတင်းဝင်ထိုင်ကာ လက်မောင်းအားတဖြန်းဖြန်းရိုက်သည်။

"ခင်ဗျားကလည်း...သူကြီးအမျိုးသားကကြည့်ကောင်းနေမှဖြစ်မှာပေါ့ နောက်မို့ဆိုသူများတွေကဲ့ရဲ့ကုန်ကြလိုက်မယ် ကျွန်တော်သိပ်မပြောချင်ဘူးနော် အခုတလောသိပ်ချုပ်ချယ်တယ်"

လင်းညို့နောက်ဆက်တွဲတွေပါ ကြိုသိလာသဖြင့်
သက်ပြင်းတစ်ချက်ချကာ

"ဟုတ်ပြီ ပြကြည့်ပေးမယ်"

"ပြီးရော.."

လင်းညို့ရှေ့သို့ သူ့ထက်သာတစ်ယောက်အကျီင်တစ်ထည်ပြီးတစ်ထည်ကပ်ပြနေသည်။

သူကြီးကတော် မြို့ကြီးသားDonde viven las historias. Descúbrelo ahora