အခန်း(၂၆)

5.4K 214 0
                                    

"အော်...ဟုတ်ကဲ့ပါဗျာကျွန်တော်လည်းမသိလို့ပြောမိတာပါသူကြီး"

လင်းညို့ပြောပြီးတာနဲ့ထိုလူမျက်နှာမှာအတော်လေးပျက်သွားကာအားနာသွားပုံရသည်။

"မသိရင်လည်းမေးမှပေါ့ ကိုယ်ထင်ရာမြင်ရာပြောလို့ရသလား ဒီတစ်ခါတော့ဆင်ခြင်လိုက်နောက်ဆိုရင်တော့ဂရုစိုက်ပြော
ထင်ရာပြောလို့ကောင်းတာရှိလာမှာမဟုတ်ဘူး"

"ဟုတ်ကဲ့ပါသူကြီးဆေးရော...."

"တော်ပြီမဝယ်တော့ဘူး...ကျုပ်နည်း
ကျုပ်ဟန်နဲ့ပဲကုတော့မယ်"

လင်းညို့တစ်ယောက်ထိုလူအားနှုတ်မဆက်ပဲနဲ့ပင်ထွက်လာခဲ့သည်။အစောပိုင်းကကြည်နေသည့်စိတ်တောင်ဘယ်ရောက်သွားမှန်းမသိဘယ်မှ​​ရေရေရာရာမသိဘဲပေါက်ပန်းလေးဆယ်လာပြောနေတယ်။
စိတ်နောက်စရာတွေပဲဒေါသစိတ်ကြောင့်ခြေလှမ်းများကခပ်တွက်တွင်ပင်လျှောက်လာတာမိမိအိမ်ရှေ့ပင်ရောက်နေသည်။
အိမ်ထဲဝင်တော့သူ့ထက်သာအားမတွေ့နောက်ကျောပေးထိုင်နေသောအမျိုးသမီးတစ်ယောက််အားတွေသည်မှာလင်းညို့မျက်ခုံးများသိသိသာသာတွန့်ချိုးသွားရသည်။
ထို့နောက်ကိုယ့်ခြေသံကိုကြားသွားသည်ထင်
လှည့်ကြည့်လာသည်နှင့်ရင်းနှီးနေသောမျက်နှာသည်..

"မသူသူထက်သူ့ ထက်သာဆီလာလည်တာလား"

"အော်...ကိုလင်းညို့ဟို..
မောင်လေးသတင်းကြားပြီးချင်းချင်းရောက်လာတာပဲ"

"ထားပါ..သူ့ထက်သာကကောဘယ်မှာလည်း"

"မောင်လေးကရေနွေးကြမ်းသွားယူနေပါတယ်"

"မသူသူထက်အဆင်ပြေပြေရှိတယ်မလား
အမေတို့ဆီလဲသွားလိုက်ပါဦးတစ်ခေါက်လောက်တော့သွားတွေ့လိုက်ပါဦး"

ကိုယ့်ဆီကအမေဆိုသည့်ပြောသံကြောင့်
သူသူထက်ကရီသည်။

"အို..အမေလို့တောင်ခေါ်နေပြီလားဒီမယ်
ကိုလင်းညို့ကျွန်မအတည်မေးမယ်ရှင်မောင်လေးကိုကြိုက်နေသလား"

"ဗျာ...မသူသူထက်ကဘာကြောင့်အဲ့ဒီလိုထင်ရတာလဲ"

"အို..ကျွန်မကမသိဘဲနေမလားရှင့်
ရှင်ကသိသာနေတာပဲဟာအကဲခတ်တဲ့နေရာမှာတော်တယ်လေ"

သူကြီးကတော် မြို့ကြီးသားWhere stories live. Discover now