အခန်း(၆)

6.6K 301 5
                                    

*ထိုဇာတ်လမ်းတွင်ပါဝင်သောအကြောင်း
အရာများမည်သည့်တစ်ဦးတစ်ယောက်ဆီကမှကူးယူခြင်းမရှိပါ။စာရေးသူအနေနဲ့စိတ်ကူး
ယဥ်သက်သက်သာပုံဖော်ထားခြင်းဖြစ်သည်။*

[၆]

"ဟယ်..သားငယ်.."

"နင့်အမကော ဘယ်လိုလုပ်ဒီလိုတွေဝတ်ထားတာလည်း "

သူ့ထက်သာ ငိုသာငိုလိုက်ချင်ပါတယ် အမေကိုကြောက်လွန်းလို့ အသားတွေပါတုန်နေသည်။

"ငါမေးနေတာဖြေလေ"

"ဟို...ဟိုမမကိုသနားလို့သားကူညီလိုက်တာပါအမေ "

"ဘာ​ပြောတယ် ဒါဆိုနင်ဖျားနေတာတွေကော
နင်အမငါ့ကိုစကားကောင်းကောင်းတွေပြောဒါတွေအားလုံးကငါကကိုလိမ်ထားတာပေါ့ဟုတ်လား "

"သားတောင်းပန်ပါတယ်အမေရယ် မမကိုသူချစ်တဲ့သူနဲ့ပျော်စေချင်လို့ဒီလိုလုပ်လိုက်ရတာပါ "

"သူ့ထက်သာ ဘယ်လိုသတ္တိနဲ့ငါ့ကိုလိမ်ရဲတာလည်းပြောစမ်း ဒါတွေအားလုံးကနင်တစ်ယောက်ထဲ စီစဉ်တာတော့မဖြစ်နိုင်ဘူး ဟဲ့ဟိုဘက်ကမိန်းမလျာနင်လည်းပါတယ် ငါ့ကိုပြောလေ မဟုတ်လို့ကတော့နင့်ကိုလိမ်လည်မှုနဲ့ရဲလက်အပ်မယ်"

"မလုပ်ပါနဲ့ ကျုပ်ကသူကြီးခိုင်းလို့သာ ဒီလိုလုပ်ရတာပါ ကျုပ်တောင်းပန်ပါတယ်ဘာမှမလုပ်နဲ့ "

"အော် မောင်လင်းညို့ပါပါတာကို ထင်တော့ထင်နေတယ် ဒီမိန်းမ မနက်အစောကြီးမိတ်ကပ်ပြန်ဖို့လာထဲကစိတ်ခုနေတာ ငါတော့အရှက်ကွဲတာဘဲ တစ်ရွာလုံးကိုငါ့သမီးကသူကြီးကတော်ဖြစ်တော့မှာဆိုပြီးလိုက်ပြောထားသေးတာ ကိုထွန်းကြည်တို့ကိုဘယ်လိုမျက်နှာပြမလားခနနေကြ
လာတော့မှာ"

ဒေါ်စိန်ကြည်တစ်ယောက်သားဖြစ်သူ၏လက်မောင်းအားနာနာလေးပင်ရိုက်ပစ်လိုက်သည်။

"အ...နာတယ်အမေရဲ့
အမေကလည်းသားတစ်ယောက်ထဲဒီကိစ္စကိုလုပ်တာမှမဟုတ်တာ သူ့သားလည်းပါတာဘဲ​လေ အနေမျက်နှာပြလို့ရပါတယ်"

ဟုတ်တယ်လေပြောလက်စနဲ့အားလုံးဖွင့်ချပစ်လိုက်မယ်ဒါမှလွှတ်မှာ

သူကြီးကတော် မြို့ကြီးသားOnde as histórias ganham vida. Descobre agora