အခန်း(၃၂)

4.9K 166 3
                                    


ပတ်ဝန်းကျင်တစ်ခွင်လုံး တိတ်ဆိတ်နေလျက် အချိန်အားဖြင့်ညကိုးနာရီဖြစ်သော်လည်း လင်းညို့တို့ရွာကလူတွေကတော့စောစောအိပ်ကြလေ့ရှိသည်။ မနက်ပိုင်းကျနေမထွက်ခင် လင်းစပြုချိန်ထကြကာ
ကိုယ်စီကိုယ်စီအလုပ်တွေဆီသွားကြရသည်မို့
ထိုအချိန်တွင်အနည်းငယ်ဆူညံနေသည့်အိမ်မှာ
လင်းညို့တို့အိမ်တစ်အိမ်ထဲပင် ညဘက်ပိုင်းဖြစ်တာကြောင့်အသံနည်းနည်းထွက်တာနဲ့ပင်ကျယ်နေသည်။

"ကလေးလေး....တံခါးဖွင့်စမ်းကွာဒီလိုဂျစ်တိုက်နေလို့လည်းဘာမှအကျိုးအမြတ်ရှိမလာဘူး"

လင်းညို့နှင့်သူ့ထက်သာတို့နှစ်ယောက်ထမင်းလက်စုံစားပြီးလင်းညို့ပန်းကန်ဆေးနေချိန်
သူ့ထက်သာတစ်ယောက်အလစ်သုတ်ကာအခန်းတံခါးအားဂျက်ထိုးထားခြင်းပင်

"ကြားလား....ကလေးလေးဖွင့်စမ်းဘာမှမကြောက်နဲ့
ကိုကိုကြီးသေချာဖတ်ထားပါသည်။စာအုပ်ထဲကပြောထားတာသိပ်မနာဘူးတဲ့"

"ခင်ဗျား....ဘာဖြစ်နေတာလဲလို့ကျွန်တော့်ကိုအတင်း
အကျပ်လာမလုပ်နဲ့အမျိုးသားနှစ်ယောက်ကဘယ်လိုလုပ်...."

"ဟာကြာ....လောလောဆယ်တံခါးဖွင့်ပေးပြောပြမယ်"

အချိန်တစ်ခုကြာသည့်အထိသူ့ထက်သာထံမှအင်းမလုပ်အဲမလုပ်နှင့်လင်းညို့အကြံအိုက်သွားရသည်။

"အေးမဖွင့်ပေးချင်လည်းနေတော့....တစ်ခုတော့ပြောမယ်ပတ်ဝန်းကျင်ကပြောတာပါကွာ ညဆိုသူကြီးတို့အိမ်ကအသံတွေကြားရတယ်လို့ဆိုကြတာပဲကွ ငါတော့မယုံဘူးမင်းကိုယုံသလားပြီးတော့သရဲဆိုတာကြောက်စရာမှမဟုတ်ဘဲ တံခါးမဖွင့်ပေးရင်လည်းနေတော့ငါအပြင်ဘက်မှာပဲအိပ်တော့မယ်မင်းတစ်ယောက်ထဲအိပ်ချည်"

ကျွီ........

"ယုံတယ်လို့......"

အနောက်သို့လှည့်ချိန်ကြားလိုက်ရတဲ့တံခါးဖွင့်သံနဲ့နောက်ဆက်ဆွဲသူ့ထက်သာ၏အလန့်တကြားအော်သံ

"ဘာတုန်း...."

လင်းညို့၏ဘုကျကျစကားသံ

"ဟို....ကျွန်တော်ယုံတယ်လို့...ပတ်ဝန်းကျင်ကမဟုတ်ဘဲလျှောက်ပြောမလား..ထားပါညကြီးမိုးကြီးဒီလိုကျောချမ်းစရာတွေမပြောချင်ဘူးကျွန်တော်နဲ့လာအိပ်နော်လာ...လာ"

သူကြီးကတော် မြို့ကြီးသားWhere stories live. Discover now