အခန်း(၁၈)

5.6K 264 3
                                    

လင်ညို့ညဘက်အိပ်တော့သူ့ထက်သာအခန်းမှာအိပ်ရသည်။
အဖေကကတော့အောက်ထပ်မှဉီး​လေးထွန်းမောင်နဲ့အတူချက်ပြုတ်တဲ့လူတွေနဲ့အတူ
စောင့်ကြသည်။
သူ့ထက်သာတော့သူ့အမအခန်းထဲမှာသွားအိပ်ရတယ်အစကတော့မအိပ်ဘူးအတင်းလုပ်နေသော်လည်းဒေါ်လေးဝင်​ပြောမှငြိမ်သွားကာစူပုတ်ပုတ်မျက်နှာဘေးလုပ်နေသေးသည်။
လင်းညို့အခန်းထဲဝင်ဝင်ချင်းမြင်လိုက်ရသောဗလတွေနဲ့ကောင်ပုံကိုမြင်လိုက်ရတော့နှာခေါင်းရှုံ့လိုက်မိသည်။တစ်ခန်းလုံးနီးပါအဲ့ကောင်၏ပုံများကြောင့်စိတ်ရှုပ်ကာတစ်ခုချင်းဆီဆွဲခွာလိုက်သည်။ယောကျာင်းအားဖြစ်တာကြောင့်တစ်ချို့ပုံများမှာပြဲရဲနေသည်။အားလုံးနီးပါးခွာပြီးသောအခါမှဘုရားကန်တော့ကာအိပ်လိုက်သည်။
.
.
.
.
.
.
.
.
အောက် အီအီး အွပ်....

မနက်မိုးအနည်းငယ်လင်းတာနဲ့ကြက်တွန်သံကဆူညံလျက်ဒါအပြင်အောက်မှာလည်းလူအသံတွေကောအိုးသံပန်းကန်သံတွေရောကြောင့်သူ့ထက်သာဘေးမှခေါင်းအုံးယူကာနားပိတ်ကာအိပ်ရန်ပြင်စဉ်

"ဟေ့ကောင်လေး ထတော့ပြင်ဆင်စရာရှိတာပြင်ဆင်အချိန်တွေကအလကားရတာမဟုတ်ဘူး"

အမေအသံမဟုတ်ပဲကြားလိုက်ရတဲ့အသံကြည်ကြည်လင်လင်ထကြည့်စရာတောင်မလိုဟိုလူအသံမှန်းသိသားဘဲအသံမလာခင်အဲ့လူအနံ့ကိုပြင်သိ ဟင်ငါရူးသွားပြီသူ့အနံကိုဘာလို့သိရမှာလည်း
သူ့ထက်သာစိတ်တိုတိုနဲ့ထထိုင်ကာကိုယ်ဆံပင်ကိုဆွဲလိုက်မိသည်။

"ဟေ့ မင်းရူးသွားပြီလားနိုးရင်လည်းထတော့ငါတော့အရူးကိုယူရတော့မယ်နဲ့တူတယ်"

"အောင်မာ...ဘာလို့ရူးရမှာလည်းအငိုသန်ရဲ့ကျွန်တော်လည်းခင်ဗျားလိုအငိုသန်ကိုယူရတော့မှာလေ"

"ဘာပြောတယ် ငါ့ကိုလာမစနဲ့နော်နောက်ကျမှအဖေကယ်ပါအမေကယ်ပါမလုပ်နဲ့"

ဝတ်ထားသောပုဆိုးကိုဂတောင်းကျိုက်ကာတစ်ခုခုလုပ်တော့မည်​ပေါင်တစ်ဖက်မှလည်းဆေးမင်ကြောင်အကွင်းတွေထိုးထားသည်။
ပုံသူ့ထက်သာတော်တော်လန့်သွားသည်မျက်နှာကိုကြည့်မိတော့ထိုလူကညစ်ထေးထေးပြုံးပြလာသည်။

သူကြီးကတော် မြို့ကြီးသားWhere stories live. Discover now