အခန်း(၃၃)

4.6K 166 0
                                    

"ကျွန်တော်စမ်းကြည့်မယ်လို့....လုပ်စမ်းပါဗျာ...."

"မရဘူး....ထိခိုက်မိကုန်ပါမယ်ကလေးလေးရယ် "

လင်းညို့မနက်အိမ်ရာစနိုးထဲကအခုချိန်ထိအဖေဆီသွားလျှင်မော်တော်ဆိုင်ကယ်ကိုသူမောင်းမယ်တဂျီဂျီပြောနေသောသူ့ထက်သာ ကိုယ်ဖြစ်လျှင်အရေးမကြီး သူ့သာထိခိုက်မိကုန်ရန်လင်းညို့ရင်ကျိုးရမှာ

"လုပ်ပါ....ကျွန်တော်မထိခိုက်စေရပါဘူး..ဖြေးဖြေးပဲမောင်းမယ်လေ မော်တော်ဆိုင်ကယ်မောင်းတာဘာခက်လို့လဲစက်ဘီးနဲ့တူတူပါပဲနည်းနည်းပဲကွာသွားတာပါကျွန်တော်စင်ဘီးတောင်လက်နှစ်ဖက်လွှတ်ပြီး စီးနိုင်တယ် ဒါလေးကတော့အသာလေးပါ "

"လူကြီးသိလို့တတ်လို့ပြောနေရင်နားထောင်စမ်း
သူ့ထက်သာ...စိတ်ပူလို့ထိခိုက်မိကုန်မှာစိုးလို့ပြောပြနေတာကို အခုလို့ဂျစ်တိုက်မနေစမ်းနဲ့ အခုပဲ
ကြည့်စမ်း...စက်ဘီးတောင်လက်လွှတ်စီးသေးတယ်တဲ့ နောက်ဆိုစက်ဘီးလည်းမစီးရဘူး"

သူ့ထက်သာတို့ကချိုချိုသာသာပြောလို့မရ ...
ကြမ်းကြမ်းတန်းတန်းနဲ့ပဲကိုက်သည်။ နောက်ဆိုများများအော်ရမလိုတောင်ဖြစ်နေပြီ

"ဒါဖြင့်လည်းကျွန်တော်အပြန်ကျမောင်းမယ်လေနော် အခုအသွားကိုကိုကြီးမောင်းတာကြည့်မယ်နော်...
လုပ်ပါ....လုပ်ပါလို့..."

"ပြီးရော.... သဘောပဲ"

လင်းညို့တို့မော်တော်ဆိုင်ကယ်သည်ရွာလမ်းတစ်လျှောက်လုံးခပ်ဖြေးဖြေးမောင်းနှင့်လျက်လမ်းကလည်းရွာပြင်ရောက်တာနဲ့ကျောက်စရစ်ခဲတွေ..နဲ့ပြည့်နက်နေတာကြောင့်အရှိန်သတ်ပြီးမောင်းရသည်။လင်းညို့မောင်းနေရတာမပင်ပန်းပဲအနောက်ကသူ့ထက်သာမေးခွန်းတွေဖြေတာတစ်ကြောင်းနဲ့ပင်ပါးစောင်တစ်လျှောက်လုံးညောင်းလျက် လင်းညို့သူ့ထက်သာအား "ပါးစပ်ပိတ်ပြီး...ငြိမ်ငြိမ်လေးနေစမ်းပါကွာ"ဟုဆိုလိုက်မှာ လင်းညို့ကျောပြင်အားမျက်နှာချလျက် ဘေးမှစပါးစိုက်ခင်းတွေအားအဆက်မပြတ်ကြည့်နေမှာတော့ရိပ်မိပါတယ်.
အစိမ်းရောင်အလွန်ကြိုက်သည့်ကောင်လေးက.သစ်ပင်စိမ်းစိမ်းတွေကိုငေးကြည့်ရတာသဘောကြသည်ကိုလင်းညို့အတိအကျသိသည်မို့....

သူကြီးကတော် မြို့ကြီးသားWhere stories live. Discover now