အခန်း(၁၇)

5.5K 261 0
                                    

အချိန်တွေမြန်တယ်ဘဲပြောရမလားမနက်ဖြန်ဆိုရင်ဘဲသူ့ထက်သာတို့လက်ထက်ပွဲရောက်ပြီလေအမေကတော့အလုပ်တွေကိုရှုပ်လို့မနက်ဖြန်ရောက်ရင်သူ့ထက်သာတို့ကလူပျိုမဟုတ်တော့ဘူးအသက်လေး၁၉နှစ်နဲ့အိမ်ထောင်သည်ကြီးဖြစ်တော့မည်လေ..

"သူ့ထက်သာ ငါခေါ်နေတာကြားလားပြီဘာတွေတွေးနေတာလည်းငါ့ကိုလာကူဉီး"

"ဘာတွေလည်းအမေကိုင်ထားတာတွေက"

"အော်အကျီင်လေအမေအပ်ချုပ်ဆိုင်မှာချုပ်လာတာသားဝတ်ကြည့်ဉီးဘာအရောင်ကြိုက်လည်းမောင်လင်းညို့ကတော့သားအရောင်ဘဲဝတ််မယ်တဲ့အခုကတည်းကသားကိုဂရုစိုက်နေပြီအမေတော့စိတ်ချပါတယ်"

"သားကဘာအရောင်ဖြစ်ဖြစ်အဆင်ပြေတယ်အမေရွေးပေးလေအမေကြိုက်တာသားဝတ်မယ်နော်"

"ချွဲနေပြန်ပြီဘာလိုချင်လို့လည်း​ပြော"

"ဘာမှမလိုချင်ပါဘူးအမေရဲ့သားကအမေ့ကိုချစ်လို့လေ"

"တော်ပြီ အမေ​ပြောအုန်းမယ်လက်ထက်ပွဲကအမေတို့အိမ်မှာလုပ်မှာဆိုတော့မောင်လင်းညို့တို့သားဖကအမေတို့အိမ်မှာဒီညလာအိပ်လိမ့်မယ်"

"ဘာလို့လည်းသူ့အိမ်ကနေဒီကိုလာလို့ရတယ်လေ အဲ့လူကိုမတွေ့ချင်ပါဘူးဆို"

"ဟဲ့ပြောပြန်ပြီလားနင်ဘယ်လို့ဖြစ်နေတာလည်းသူ့အိမ်ကနေလာမယ်ဆိုရင်ပင်ပန်းတာပေါ့ပြီးတော့ငါဒီမှာလာအိပ်ဖိုလည်းပြောထားပြီသားအထွန့်မတက်နဲ့ညနေကြလာလိမ့်မယ်ကောင်းကောင်းပြောနော်စကားကိုမောင်လင်းညို့ကနင့်ထက်အသက်ကြီးတယ်"
.
.
.
.
.
.
.
.
.
.
ညနေလောက်ရောက်တော်ရောက်လာပါပြီ
ဟိုလူနဲ့သူ့အဖေ...အမေတို့နဲ့စကားပြောနေကြတယ်ပျင်းနေတာနဲ့အမေ့နားသွားထိုင်ကာလက်ဖက်ထိုင်စားနေလိုက်တယ်ဟိုလူကတော့ကိုယ့်မျက်ခုံးပင့်ပြလာသည်မို့အမေတို့မတွေ့ခင်လက်သီးပြလိုပ်သည်။

"သားသူ့ထက်သာမနက်ဖြန်လက်ထပ်ပွဲရောက်ပြီဆိုတော့လင်းညိုအကြောင်းကိုဉီးလေးကနည်းနည်းပြောပြမယ်နော်အိမ်ထောင်သည်တွေဖြစ်တော့မှာဆိုတော့တစ်ယောက်အကြောင်းတစ်ယောက်သိထားရမှာပေါ့"

သူကြီးကတော် မြို့ကြီးသားWhere stories live. Discover now