အခန်း(၁၃)

5.8K 264 3
                                    

သူ့ထက်သာအိမ်ပြန်ရောက်တော့အမေရဲ့ဆူတဲ့အသံတွေတန်းစီပြီးကြားရတော့တာပဲ..
နာတွေပူထူလာသဖြင့်လက်ညိုးကိုအသုံးပြု၍ကလော်နေလိုက်သည်။

"ငါဒါကြောင့်မို့နင့်ကိုစိတ်မချတာ မသွားနဲ့ဆိုတာကိုသွားချင်တာကိုခံပေါ့..မသနားဘူး
တစ်နေရာရာသွားပြီဆိုတာနဲ့တစ်ခုမဟုတ်တစ်ခုဖြစ်ပြီဒီအသက်အရွယ်နဲ့ချော်လဲတာ
တောင်ရိုးရိုးမဟုတ်ဘူးရွှံထဲကိုတဲ့"

"ဟာ...အမေကလည်းဟိုလူကသားနောက်ကိုလိုက်လာတာကိုအဲ့တာကြောင့်ပြေးရင်းနဲ့ဖြစ်တာလေဆူပဲဆူနေတယ်အဲ့လူကိုလည်းသွားပြောပါလားသူ့ကြောင့်ဖြစ်တဲ့ဟာဆို"

ခပ်ဆောင့်ဆောင့်အသံဖြင့်မကျေနပ်သလို​ပြောနေသည့်သားဖြစ်သူအားဒေါ်စိန်ကြည်
အကဲခက်သလိုကြည့်နေလိုက်သည်နှင့်ဘာဖြစ်လို့လဲဆိုသည့်အမူအရာပြသည်။ပြီးနောက်မိမိအနားတိုးလာကာခါးကိုဖက်ကာချွဲလာသည်။

"အမေကလည်းမဆူနဲ့တော့နော်ဒီတိုင်းဆိုသားကချော်လဲမလားသူကသားကိုလိုက်လုပ်နေလို့ပြေးရင်းနဲ့ရုန်းဆန်ခက်ဖြစ်ပြီးလဲတာပါဆိုမှပဲ"

"ဆင်ခြေတွေပေးပြန်ပြီ မောင်လင်းညို့ကနင့်နောက်ကိုဘာကိစ္စလိုက်တာတုန်း"

"အဲ့လူကသားကိုလိုက်နမ်....."

ထွက်တော့မည်အချိန်မှသူ့ထက်သာပါးစပ်ကိုအလျင်အမြန်ပိတ်လိုက်ရသည်။လိုက်နမ်းတယ်လို့ပြောလို့မဖြစ် တော်ကြာ
အမေကတစ်မျိုးတွေထင်ပြီးလျှောက်ပြောမှ
ဖြင့်နောက်ပြီးသူ့ထက်သာရှက်ပါသည်။ယောကျာ်းလေးတစ်ယောက်ဖြစ်ပါရဲ့အခြားအမျိုးသားတစ်ယောက်စီကအနမ်းခံရတာဘယ်လောက်တောင်ရှက်စရာကောင်းတဲ့အဖြစ်လဲပြီးတော့ဒီလူဟာသူ့ထက်သာအားအားထိုးတာပဲဖြစ်ဖြစ်ရိုက်တာဖြစ်ဖြစ်လုပ်လိုက်ရင်တောင်ခလက်ခံနိုင်ပါသေးသည်။အခါလိုမျိုးလုပ်တာဟာသိပ်ကိုရိုင်းစိုင်းလွန်သည်။နောက်ဆိုမတွေ့အောင်ဝေးဝေးကိုရှောင်ရမည်။ဒါဟာသူ့ထက်သာကြောက်၍မဟုတ်ကိုယ့်ကိုကိုယ်သာကာကွယ်ရခြင်းပင်

"ဟဲ့..ဘာတုန်းနင့်စကားကအရင်းအဖျားမရှိ
သူ့ထက်သာငါလူမွေးထားတာနော်စကားကိုရှင်းရှင်းလင်းလင်းပြောစမ်းပါဟယ်"

သူကြီးကတော် မြို့ကြီးသားWhere stories live. Discover now