အခန်း(၂၀)

5.8K 239 4
                                    

"အား...."

"မင်းဘာလို့အော်နေတာလည်းပါးစပ်ပိတ်ထားစမ်း"

"ကျွန်တော့်နား မလာနဲ့လို့ပြောနေတယ်လေ"

"ပြောလေဆိုးလေပါလား ကောင်းပြီအခုတော့အဖေထမင်းစားဖို့ခေါ်နေပြီလာထမင်းသွားစားမယ်"

"ဟင်...အခုလားကျွန်တော်နောက်မှစားလို့မရဘူးလား"

"ဘာကြောင့်လဲ အခုအဖေခေါ်နေတုန်းဘဲသွားစားမယ်လူကြီးကခေါ်နေတာကိုဒီလိုမျိုး
ရိုင်းလို့မရဘူး"

"ဟို...ကျွန်တော်ရှက်တယ်လို့ အခုပြောနေတာတွေကြားသွားပြီကျွန်တော်မျက်နှာမပြရဲဘူးဒါကဘယ်လိုတောင်ရှက်စရာကောင်းတာလည်းခင်ဗျားကဘာမှမဖြစ်သလိုဒီတိုင်းမယ်ပေါ့ဟုတ်လား"

အသားဖြူသူမို့ရှက်စိတ်ကြောင့်ခပ်နီနီဖြစ်နေသောပါးမို့မို့ လင်းညို့ထိုကောင်လေးအား
ကြည့်ပြီးစကားတစ်ဆိုလိုက်သည်။

"မင်းအခုထမင်းသွားစားမလား.. ငါနမ်းတာခံမလားပြောချေ"

သူ့ထက်သာရင်ထဲလှပ်ခနဲဒီလူကလက်ရဲဇက်ရဲပြောရင်တကယ်ပင်လုပ်မည့်လူအခုတောင်သူ့ထက်သာအနားသို့လာရန်ခြေလှမ်းပြင်နေသောကြောင့်..

"ထမင်းသွားစားကြမယ်လေ ကျွန်တော်ဗိုက်စာနေပြီသွားမယ် ဉီးလေးစောင့်နေတာအတော်ကြာနေပြီလာလာသွားမယ်"

"ခနကပြောတော့နောက်မှစားမယ်ဆိုလာပါကွာအိုက်တင်ခံမနေစမ်းပါနဲ့"

"ကျွန်တော်ဗိုက်ဆာနေပြီလို့ဘာဖြစ်နေတာလည်း ခင်ဗျားမလိုက်လည်းကျွန်တော်သွားပြီ"

ကိုယ့်ကိုကျော်ကာမပြေးရုံတမယ်နဲ့ထွက်သွားသောသူ့ထက်သာအားလင်းညို့ပြုံးလိုက်သည်တတ်လဲတတ်နိုင်တဲ့ဟာလေး

သူ့ထက်သာတကယ်ပင်ရင်လေးမိသည်ဒီလူနဲ့ရှေ့လျှောက်ဘယ်လိုနေသွားရမလဲနေ့တိုင်းခြမ်းခြောက်ခံနေရမှာဘဲလူကြည့်တော့ခပ်အေးအေးပုံစံနဲ့အတွင်းကြတော့ညစ်ထေးနေတဲ့စိတ်တွေနဲ့ဒီလူရဲ့နိုင်ကွက်ကိုရှာမှာရမည်ကိုယ့်ကိုခြမ်းခြောက်သလိုသူ့ကိုလည်းပြန်ခြမ်းရမယ်ဘာဆက်လုပ်ရမလဲ

သူကြီးကတော် မြို့ကြီးသားWhere stories live. Discover now