အခန်း(၂၈)

5.1K 189 2
                                    


"မခူးချင်စမ်းပါနဲ့
နှစ်ဆန်း ခါတော်မီမို့
ဇမ္ဗော်ရည် ပြေပြေလိမ်းကာပါ့
ခပ်သိမ်း နယ်စုံစုံသို့
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေဝေနဲ့
သူလဲလေ လောကီသားလိုပါ့
ကြွားချင်လှ ပေလိမ့်မယ်။

တသိန်တင့်ပါဘိ
တိမ်မြင့် ရီပြာပြာက
ကြည်သာသာ ပင့်လေအဖြူးတွင်ဖြင့်
တီတာတာ ပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာလူးလေတော့
သူတို့လို ဘယ်သူမြူးနိုင်ပါ့
ထူးပါဘိတယ်။

တဝါဝါ ဆင်သင်္ကန်းရယ်က
ကမ္ဘာမှာ ဘဝင်ချမ်းစေတဲ့
သာသနာ ရွှင်ရွှင်လန်းအောင်လို့
တမင်မှန်းကာပါ့ သတိဆွယ်
ရည်ရွယ်တော့သလား။

ခူးပါနဲ့ကွယ်
ပွင့်ဖူးမှာ အဝါခြယ်၍
မာလာအလယ်မှာ နွှဲချင်တဲ့ နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန် အတာဝင်သို့
မာန်အင်ကို ဉာဏ်ဆင်မွေးကာပါ့
အရေး အခါသာမှ
ခမျာမှာ တစ်ဂုဏ်ဆန်းရတယ်
ပန်းပိတောက်များ"
                                 ။ ဆရာဇော်ဂျီ

ကဗျာအဆုံးတိတ်ဆိတ်သွားသည့်လင်းညို့အသံသြရှရှ
ခုံပေါ်မှာတင်ထားသည့်လက်ဖက်ရည်ကြမ်းအိုးအားဖန်ခွက်ထဲငဲ့လျကက်အနည်တခနမှုတ်ကာတစ်ကျိုက်မော့သောက်လိုက်သည်။

"ပျင်းနေတာပါဆို ခင်ဗျားရွတ်ပြလိုက်တဲ့ကဗျာကို အဓိပ္ပါယ်လိုက်ကောက်နေရတာခေါင်းပါနှောက်လာပြီ"

သူ့ထက်သာပျင်းသည်ဟုဆိိုလို့လင်းညို့တစ်ယောက်တန်ခူးလဲရောက်ပြီမို့မနက်ဖြန်ဆိုရင်ပင်သကြ်န်အကြိုနေ့ရောက်တော့မည်လေဒါကြောင့်တန်ခူးလအငွေ့အသက်ပေးသည့်ဆရာဇော်ဂျီ၏"ပိတောက်ပန်း"ကဗျာကိုရွတ်ဆိုပြနေခြင်းပင်

"နားလည်စရာမလိုပါဘူးကလေးလေးရဲ့ကိုကိုကြီးဖတ်ပြတာကိုနားထောင်ရင်ရပြီ
တန်ခူးလအငွေ့အသက်ရအောင်ဖတ်ပြတာပါ"

"ကျွန်တော်ကအဆင်ပြေပါတယ်ဆိုအရှေ့မှာရွာသားတွေကိုသာအုန်းရွက်တွေကူခုတ်ပေးလိုက်စမ်းပါဟိုမှာအရိပ်တကြည့်ကြည့်နဲ့ခင်ဗျားကိုမျှော်နေကြတာခင်ဗျားသူငယ်ချင်းလဲအစောကပင်လာခေါ်ထားတယ်လေ
သွားဆို"

သူကြီးကတော် မြို့ကြီးသားWhere stories live. Discover now