အခန်း(၁၆)

5.4K 264 1
                                    

"ကျွန်တော်သွားပြီနော်အမေတို့ကိုနှုတ်ဆက်ဉီးမှာလားခင်ဗျားကိုပိုက်ဆံလည်းပေးရဉီးမယ်လေလာလေအထဲဝင်"

ခေါင်းမလည်းညိမ့်ဘာစကားမှမပြောဘဲမောင်းထွက်သွားပြောထိုလူ တစ်လမ်းလုံးလည်းဘာစကားမှမပြောမျက်မှောင်ကိုသာကျုံထားပြီးစိတ်တိုနေဟန်သူဘာသာသူဘာဖြစ်ဖြစ်စိတ်မဝင်စားဘူး

"အမေသားပြန်လာပြီ "

"နောက်ကျလိုက်တာ သားရယ်အမေကစိုးရိမ်နေတာမောင်လင်းညို့ရောပြန်သွားပြီလား"

"သားဝယ်တာနည်းနည်းများလို့နောက်ကျသွားတာ ဟိုလူကဘာဖြစ်နေလည်းမသိဘူးသားကအမေတို့ကိုနှုတ်ဆက်ဉီးမလားလို့ပြောတာတောင်ဘာမှပြန်မပြောပဲထွက်သွားတယ်"

"သူလည်းပင်ပန်းလို့နေမှာပေါ့တစ်နေကုန်နင်ကိုလိုက်ထိန်းနေရလို့နေမှာပေါ့ ဘာတွေဝယ်လာတာလည်း"

"ပုဆိုးတွေလေ ဒါကပုံတွေ"

"ပြစမ်း ပြစမ်းပုဆိုးကသုံးလေးထည်ဆိုတော်ပြီပေါ့အခုနင်ဝယ်လာတာကိုကြည့်ဉီးငါပေးတဲ့ပိုက်ဆံအကုန်ဝယ်လာတာလား"

"ဟုတ်တယ်လေ ပုဆိုးရောင်းတဲ့အဘွားကိုသနားလို့ဝယ်လာလိုက်တာ ပြီးတော့ဒီပုံကဟိုလူဆီကပိုက်ဆံချေးပြီးဝယ်လာတာပြန်ပေးရမှာ"

"သူ့ထက်သာငါသေသာသေလိုက်ချင်တော့တယ်ပိုက်ဆံကိုအကုန်သုံးလာတဲ့အပြင်ချေးပြီးတော့ပါပုံဝယ်လာတယ်ပေါ့ဘာပုံလည်းပြစမ်း"

"အာနိုးလေအမေသိတယ်မလား ဒီမှာကြည့်ဗလတွေကအကြီးကြီးပဲ သားကိုလည်းအမေဒီလိုမျိုးမွေးပေးခဲ့ရမှာသိလား"

"ဟယ်နင်ဒီပုံဝယ်ဖို့မောင်လင်းညို့ဆီကပိုက်ဆံချေးလာတာပေါ့ဟုတ်လား"

"အင်းလေသားသူ့ကိုပြန်ပေးမှာပါစိတ်မပူနဲ့သားသွားနားတော့မယ်နော်ပင်ပန်းနေပြီ"

"ဟဲ့နေဉီးငါပြောဉီးမယ်

အမေပြောတာနားမထောင်ပဲအပေါ်တက်ကာအခန်းထဲသာအမြန်ဝင်လိုက်သည်။အမေဆူမှာကိုသိတော့မှာကိုသိနေတာကြောင့်လွတ်ရာကျွတ်ရာအမြန်ပြေးလိုက်ရသည်
ပုံတွေကိုကပ်ဖို့သာပြန်လိုက်သည်။
သူ့ထက်သာတစ်ခန်းလုံးနီးပါအာနိုးပုံတွေကနေရာယူထားလျက်တစ်ခန်းလုံးကိုကပ်ပြီးနော်ခြေကုန်လက်ပန်းကျကာအိပ်ရန်ပြင်လိုက်သည်။
.
.
.
.
.
.
.
.
.
"အမေသွားပေးလိုက်ပါလားသားအပြင်မထွက်ချင်လို့"

သူကြီးကတော် မြို့ကြီးသားWhere stories live. Discover now