အခန်း(၁၄)

5.4K 259 2
                                    


"သူ့ထက်သာအိပ်တော့လေဘယ်အချိန်ရှိနေပြီလည်း"

"အမေကလည်းအခုမှာ၉နာရီပဲရှိသေးတယ်ဒီမှာစာအုပ်ကဖတ်လို့ကောင်းနေပြီခနနေအိပ်မယ်"

"မရဘူးအခုငါဘေးမှာလာအိပ်မလား မနက်ကြရင်ပုဆိုးသွားမဝယ်ရပဲနင့်အဘနဲ့အတူလယ်ထဲမှာကောက်စိုက်မလားပြော"

"ဟုတ်ကဲ့သားအခုလာပြီအမေကလည်း"

သူ့ထက်သာအမေဖြစ်သူဘေးသိုဝင်လှဲလိုက်သည်။

"အမေမမကိုမလွမ်းဘူးလားမမအဆင်ပြေလောက်မှာပါနော်"

"မလွမ်းပါဘူးအေ အမေစကားမထောင်ပဲလုပ်ချင်ရာလုပ်သွားပြီးတော့
အဆင်ပြေအောင်ပဲနင်ဆုတောင်းပေးလိုက်ပေါ့"

"အမေကလည်းစိတ်ဆိုးနေတုန်းပဲလားမမကပြောတယ်သူအမေဆီကိုအဆင်သင့်ဖြစ်ရင်ပြန်လာခဲ့မယ်တဲ့"

"သူ့ထက်သာစကားမများနဲ့တော့ မနက်ကျရင်မနိုးရစေနဲ့အိပ်တော့"

"ဟုတ်ကဲ့...."
..................................

"အားလုံးကြားကြားသမျှ. အမျှ..အမျှ ..အမျှ ယူတော်မူကြပါကုန်တော်.. သာဓု သာဓု သာဓု..... "

သူ့ထက်ဘယ်လောက်နားပိတ်အမေဖြစ်သူရဲ့ဘုရားရှစ်ခိုးသံကြောင့်ဆက်အိပ်၍ပင်မရတော့သောကြောင့်ထရန်သာပြန်လိုက်တယ်

"ဟယ်...သားနိုးပြီလားအစောကြီးပဲရှိသေးတယ်အိပ်ချင်ရင်ထပ်အိပ်လေအမေလာနိုးမယ်သွား..သွား.."

"ဘယ်လိုလို့အိပ်လို့ရမှာလည်း အမေဘုရားရှစ်ခိုးတဲ့အသံကတခြားအိမ်ကလူတွေတောင်နိုးလိုက်တယ်သားကဘယ်လိုလို့အိပ်လို့ရတော့မှလည်း"

"ဟဲ့ ငါတစ်သက်လုံးဒီအသံနဲ့ပဲရှစ်ခိုးလာတာ
မနက်စောစောစီးစီးဘုရားရှစ်ခိုးတဲ့အသံကျက်သရေရှိတယ် စိတ်ကိုကြည်လင်စေတယ်အဲ့ဒါကိုနင်ကအိပ်မရဘူးလုပ်နေတယ်
သူ့ထက်သာငါနင်ကိုမပြောချင်လို့ကြည့်နေတာနော်ကျောင်းသွားမြို့မှာကျောင်းသွားတက်ပြီးထဲကငပိရည်နံမခံနိုင်ရတာနဲ့ဟိုဟာမကြိုက်ရတာနဲ့ဒီဟာမကြိုက်ရတာနဲ့ကြီးကြယ်နေတာပဲ"

"အမေကလည်းမနက်စောစောစီးစီးနိုးတာနဲ့ဆူနေတာပဲအပြောပဲခံနေရတယ် ငပိရည်ကနံံ့လို့နံ့တယ်ပြောတာလေမကြိုက်လို့မစားတာပေါ့စိတ်ညစ်တယ် စိတ်ညစ်တယ်အစောကြီးထဲကဒီကိိုမလာခဲ့သင့်တာ"

သူကြီးကတော် မြို့ကြီးသားWhere stories live. Discover now