အခန်း(၁၂)

5.9K 276 1
                                    

သူထက်သူပြောမရတဲ့အဆုံးလင်းညို့နဲ့ပြန်ရန်သာသဘောတူလိုက်တယ် ဒီလူဘာဖြစ်နေတာလည်းမျက်နှာကလည်းတည်တံ့နေတာလဲမသိရင်ငါကပဲအပြစ်လုပ်ထားသလိုလိုနဲ့

"အဘကမလာသေးဘူးလားဘာလို့အဲ့လောက်ကြာနေတာလည်းစောင့်ရတာမကြိုက်ပါဘူးဆိုမှ"

"ခနနေရင်လာတော့မှာပါဘာလို့ဖြစ်နေတာလည်း
ခုနလိုဘဲပြုံးနေလေ"

"ခင်ဗျား ဘာဖြစ်နေတာလဲကျွန်တော်ဘာသာပြုံးချင်ပြုံးမယ်မပြုံးချင်မပြုံးဘူးပေါ့ဘာလို့စကားပြောတာရွဲ့နေတာလည်း"

"မင်းမှဆင်ဆင်ခြင်ခြင်မနေတာပြောရမှပဲ တစ်ခါတည်းပြောထားမယ်နောက်ဆိုဒီလိုမျိုးထပ်မမြင်ချင်ဘူးမင်းနဲ့ငါနဲ့လက်ထက်တော့မယ်ဆိုတာတစ်ရွာလုံးသိတယ် အခုလိုမျိုးမိန်းကလေးတွေနဲ့ပြုံးရီနေတော့သူများတွေဘယ်လိုထင်မလည်း ငါလဲသိက္ခာကျတယ်မင်းလဲပြောခံရလိမ့်မယ်"

"ဟာ...အဲ့အစ်မကြီးနှစ်ယောက်သဘောကောင်းတော့စကားပြောရတာကောင်းတယ်လေဒါကြောင့်ပါ ပြီးတော့သူတို့တစ်ယောက်‌ရည်းစားရှိပါတယ်သူများတွေဘယ်လိုထင်ထင်စိတ်မဝင်စားပါဘူးကျွန်တော်ကတော့ခင်တယ်နောက်နေ့တောင်စကားပြောကြဉီးမှာ"

"အောင်မယ့် ရည်းစားအကြောင်းပြောပြသည့်အထိရင်းရးနှီးသွားကြတယ်ပေါ့မရဘူး ငါနဲ့ပဲစကားပြေ
ငါ့ကိုပဲပြုံးပြရမယ်ငါလည်းသဘောကောင်းတယ်လေမဟုတ်လို့ကတော့မဂ်လာပွဲလကုန်မဟုတ်ဘဲဒီတစ်ပတ်အတွင်းလုပ်ခိုင်းလိုက်မယ်မင်းအေးအေးချမ်းချမ်းမနေချင်သေးရင်တော့လုပ်ပေါ့"

"အကျင့်မကောင်းတဲ့လူဒီလောက်လက်ထက်ချင်နေပုံထောက်ရင်ခင်ဗျားကျွန်တော့်ကိုချစ်နေတာလား"

"မင်းကိုငါကချစ်စရာလား မတွေးတတ်တာလားအဖေကိုသနားလို့တောင်မင်းနဲ့လက်ထက်ရတာဖြစ်ချင်တာတွေးမနေစမ်းပါနဲ့မြို့ကြီးသားရယ်"

"ဘာကိုဖြစ်ချင်ရမှလည်းကျွန်တော်လည်းအမေကြောင့်လေ ခင်ဗျားကိုယူမယ့်အစားခွေးမနဲ့ဘဲယူလိုက်မယ်"

"မင်းကငါ့ကိုခွေးလောက်တောင်အဆင့်မရှိဘူးလို့ပြောလိုက်တာလား"

သူကြီးကတော် မြို့ကြီးသားWhere stories live. Discover now